MNP - ဧပြီ ၂၉
ပရီးမီးယားလိပ်ပွဲစဉ် ၃၄အဖြစ် စနေ့နေ့(ယနေ့) မြန်မာစံတော်ချိန် ည ၆:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် - ဝက်စ်ဟမ်း (ယနေ့ည ၆:၀၀)
ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ဟာ ပဲလေ့စ်အိမ်ကွင်း ဆဲလ်ဟတ်ပါခ့်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းဟာ နောက်ပိုင်းမှာ ခြေစွမ်းပိုင်း သိသိသာသာတိုးတက်လာပြီး တန်းမဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့ များနေပါပြီ။ပဲလေ့စ်အသင်းကလည်း ရွိုင်းဟော့ဆန်လက်ထက်မှာ စိတ်အေးရတဲ့အခြေအနေကို ရောက်ရှိနေပါပြီ။ ရလဒ်ကောင်းတွေ ဆက်တိုက်ယူခဲ့ပြီးတဲ့နောက် နောက်ဆုံးနှစ်ပွဲမှာ နိုင်ပွဲပျောက်ခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ Rhythm အမှတ်လည်း လိုအပ်နေတဲ့ ဧည့်သည်ဝက်စ်ဟမ်းအသင်းက အနိုင်ရသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် ခရစ္စတယ်ပဲလေ့စ် ၁ - ၂ ဝက်စ်ဟမ်း)
ဘရန့်ဖို့ဒ် - နော်တင်ဟမ်ဖောရက်စ် (ယနေ့ည ၈:၃၀)
ဘရန့်ဖို့ဒ်အသင်းနှင့် နော်တင်ဟမ်ဖောရက်စ်အသင်းတို့ဟာ ဘရန်းဖို့ဒ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဖောရက်စ်အသင်းဟာ တန်းဆင်းဇုန်ထဲကို ပြန်လည်ရောက်ရှိနေပြီး အမှတ်တွေ အသည်းအသန်လိုနေပါတယ်။ ဘရန့်ဖို့ဒ်အသင်းက နောက်ပိုင်းမှာ ရလဒ်တွေသိသိသာသာ ကျဆင်းသွားခဲ့ပေမဲ့ နောက်ဆုံးပွဲမှာ ချဲလ်ဆီးကို အနိုင်ရထားထားတယ်။လက်ရှိ ခြေစွမ်းအရရော၊ ရပ်တည်မှုအရပါ ဘရန့်ဖို့ဒ်ပိုကောင်းပြီး နော်တင်ဟမ်ဖောရက်စ်က တန်းဆင်းဇုန်ရုန်းအားတော့ ကျန်သေးပေမယ့် အိမ်ရှင်ဘရန့်ဖို့ဒ်နိုင်ဖို့ များပါတယ်။ (ခန့်မှန်းရလဒ် ဘရန့်ဖို့ဒ် ၃ - ၁ နော်တင်ဟမ်ဖောရက်စ်)
ဘရိုက်တန် - ဝုလ်ဗ် (ယနေ့ည ၈:၃၀)
ဘရိုက်တန်အသင်းနှင့် ဝူဗာဟမ်တန်အသင်းတို့ဟာ ဘရိုက်တန်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘရိုက်တန်အသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်ကို အဓိကလုရမယ့် အနေအထားဖြစ်ပြီး လက်ရှိခြေစွမ်းပိုင်းကလည်း တော်တော်လေး ကောင်းမွန်နေပါတယ်။ ဝုလ်ဗ်အသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ (၄) ပွဲမှာ လက်စတာတစ်သင်းတည်းကို ရှုံးခဲ့ပြီး (၃) ပွဲနိုင်ခဲ့တယ်။ တန်းဆင်းဇုန်အတွက် စိတ်ပူခဲ့ရပေမယ့် အခုတော့အမှတ်တော်တော် ပြတ်သွားတာကြောင့် ဥရောပဝင်ခွင့်တစ်နေရာအတွက် ရုန်းကန်လာမယ့် အိမ်ရှင်ဘရိုက်တန်တို့ကဘဲ ဂိုးပြတ်နိုင်ပွဲရယူပါလိမ့်မယ်။(ခန့်မှန်းရလဒ် ဘရိုက်တန် ၂ - ၀ ဝုလ်ဗ်)
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment