MNP ၊ ဧပြီ ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်း ကျေးလက် ကျန်းမာရေး ဆေး ပေးခန်း ဆောက်လုပ်နိုင်ရေး လျာထားမြေနေရာကြည့်ရှုစစ်ဆေးခြင်း နှင့် ဆေးဆိုင်များတွင် တရား မဝင်ဆေးဝါးများ မရောင်းချစေရန် အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနုကေသီစံ ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ မောင်တောမြို့ ၊ရွှေဇား ကပ္ပကောင်းကျေးရွာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအစီအစဉ်ဖြင့် ကျေးလက် ဆေးပေးခန်း ဆောက် လုပ်နိုင်ရေး လျာထားမြေနေရာများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထား ဆောင်ရွက်နိုင်ရေးလမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များ ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် သက် ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူး ပေါင်း အဖွဲ့သည် Hemas Mandalar Pharmaceuticals Ltd,၏ တရားဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးဖြစ်သည့် Crestor 10 mg Table (Rosuvastatin 10 mg ) (2507AA5687) နှင့် ပုံစံတူ တရားမဝင်ဆေးဝါးများအား မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချနေမှုရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ပြီး တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ၊ သတ်မှတ်ကာလ ကျော်လွန်နေသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး ၊ အနောက်တိုင်းဆေး ရောနှောပြီး မှတ်ပုံတင် ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ မရောင်းချစေရန် ကွင်းဆင်း စစ်ဆေးခဲ့ကြကာ ဆေးဆိုင်ပိုင်ရှင်များအား အသိ ပညာ ပေးပြောကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost




No comments:
Post a Comment