ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ တရားမဝင်ဆေးဝါးများ နှင့် သက်တမ်းလွန် စားသောက်ကုန်များ အား မရောင်းချစေရန်အတွက် ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ တရားမဝင်ဆေးဝါးများ နှင့် သက်တမ်းလွန် စားသောက်ကုန်များ အား မရောင်းချစေရန်အတွက် ကွင်းဆင်း စစ်ဆေး




MNP ၊  ဧပြီ ၂၉

ရခိုင်ပြည်နယ် မောင်တောမြို့၌   တရားမဝင်ဆေးဝါးများ နှင့် သက်တမ်းလွန် စားသောက်ကုန်များ အား မရောင်း ချ စေရန် အတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ရှိ  ဈေးဆိုင်၊ဆေးဆိုင် များသို့ ပူးပေါင်းအဖွဲ့မှ ရှောင်တခွင် ကွင်း ဆင်း စစ်ဆေးခဲ့သည်။ 


ထိုသို့ကွင်းဆင်းစစ်ဆေး ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး ၊စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ရှိ သူများ ပူးပေါင်း၍   သက်တမ်းလွန်မုန့်မျိုးစုံ၊ မှတ်ပုံတင်ထားခြင်းမရှိသည့် စားသောက်ကုန်များ၊ အနောက်တိုင်း ဆေးဝါး များ၊ အနောက်တိုင်းဆေး ရောနှော ပြီး  မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ မရောင်း ချစေရန် ကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)