သထုံမြို့၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

 





MNP ၊  ဧပြီ ၂၄

မွန်ပြည်နယ်၊ သထုံမြို့တွင် ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသားကျောင်းသူများအား ယဉ်ကျေးလိမ္မာသောလူငယ်‌များ ဖြစ်လာစေရေးအတွက် ဓမ္မအလင်းတန်းဗုဒ္ဓစာပေပြန့်ပွားရေးအသင်းမှ အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို သိမ်ကုန်းရပ်ကွက်ရှိ ကြေးသွန်းရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်၌ ဖွင့်လှစ်သင်ကြးပေးလျှက်ရှိကြောင်း သိရသည်။


သင်တန်းကို ယခုလဆန်းပိုင်းမှစတင်ကာ ဖွင့်လှစ်ခဲ့ပြီး တစ်လခွဲကြာခန့် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျောင်းပိတ်ရက်ကာလ၌ ‌နေ့စဉ် နံနက် ၈ နာရီခန့်မှစတင်ကာ ၉ နာရီခွဲအချိန်ခန့်အထိ သင်တန်းသားသင်တန်းသူ ၄၀ နီးပါးခန့်တက်ရောက်နေကြပြီး နည်းပြ သုံးဦးတို့က ဗုဒ္ဓစာပေကျမ်းဂန်များလာ ယဉ်ကျေးမှုအဆုံးအမများ၊ ယဉ်ကျေးလိမ္မာစွာ နေထိုင်ပြုမူ ပြော‌ဆိုတတ်စေမည့် နည်းလမ်းများတို့ကို သင်ကြားပေးလျှက်ရှိကြောင်း ဓမ္မအလင်းတန်းဗုဒ္ဓစာပေပြန့်ပွားရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။


ဓမ္မအလင်းတန်းဗုဒ္ဓစာပေပြန့်ပွားရေးအသင်းအနေဖြင့် ယခုကဲ့သို့ နွေရာသီကျောင်းပိတ်ရက်ကာလ၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို နှစ်စဉ်ဖွင့်လှစ်ခြင်းအပြင် ဗုဒ္ဓစာပေများပြန့်ပွားရေးအတွက် အခြေခံအဘိဓမ္မာသင်တန်း၊ နိကာယ်၊ သံယုတ်သင်တန်းများ၊ (၃၈)ဖြာမင်္ဂလာသင်တန်း စသည့် ဗုဒ္ဓစာပေဆိုင်ရာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment