MNP ၊ ဧပြီ ၅
ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့ နယ်၌ မဟာသင်္ကြန်ပွဲတော်အား စည် ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူ များတက်ရောက်၍လုပ်ငန်းညှှိနှိုင်းအစည်းအဝေးကိုယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်း မ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ မဟာသင်္ကြန်ပွဲတောျအောငျ မြင်စွာကျင်ပရေးဦးစီးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် က ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက် မြိုက်အောင် မြင်စွာကျင်းပနိုင်ရေးအတွက် အဖွင့်အမှာစကားပြောကြားရာတွင်မဟာသ င်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်း၊ ဖွင့်ပွဲ ပိတ်ပွဲ နှင့်ဖျော်ဖြေရေးလုပ်ငန်း၊ ဧည့်ခံကျွေးမွေးရေး ရေရရှိရေး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများနှင့် မြို့ပေါ်ရပ်ကွက်များ၌ တည်
ဆောက်လျက်ရှိသော သင်္ကြန်မဏ္ဍပ်များ၌ ဒေသခံလူကြီး လူငယ်များအေး ချမ်းစွာပျော်ပါးနိုင်ရေး ကိစ္စရပ်များ အားပြောကြားခဲ့ရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ ဗဟိုမ ဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းဆောင် ရွက်နေမှု၊ရေ ရရှိရေးဆောင်ရွက်ထားရှိမှု၊ဧည့်ခံကျွေးမွေးရေးဆောင်ရွက်ထား ရှိမှု၊ဖျော်ဖြေရေးအနေဖြင့် ရွှေအမ်းမြေတေးဂီတအဖွဲ့နှင့်သင်္ကြန်ယိမ်းအဖွဲ့များခေါ်ယူထားရှိမှု၊ ဖွင့်ပွဲ ပိတ်ပွဲ အစီအစဥ်များ၊သတင်းမှတ်တမ်းရိုက်ကူးရေးဆောင်ရွက်ထားရှိမှု နှစ်ဆန်းတစ်ရက်နေ့သက်ကြီးပူဇော်ပွဲ၊ဇီဝိတငါးလွှတ်
ပွဲဆောင်ရွက်ရန်စီစဥ်ထားမှုအားသက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက်ဆွေးနွေးတင်ပြခဲ့ရာတင်ပြချက်များအပါ် ခရိုင်စီမံအုပ်ချုပ်ရေးအ ဖွဲ့ဥက္ကဋ္ဌ က မဟာသင်္ကြန်ပွဲတော် စည် ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်လုပ်ငန်းကဏ္ဍများအလိုက်ပေါင်း စပ်ညှှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment