နစကဥက္ကဋ္ဌကြီးနှင့်တကွ နစကအဖွဲ့ဝင် လူကြီးမင်းများ မှန်ကန်စွာ သုံးသပ်ဆောင်ရွက်နိုင်ပါရန် လေးစားစွာဖြင့် ရေးသား တင်ပြအပ်ပါသည်။
NLD အစွန်းရောက်များ ဖွဲ့စည်းထားသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့ကို ပံ့ပိုးနေသော EAO အချို့က ၂နှစ်တာ ကာလအတွင်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ ဆရာ/ဆရာမ၊ နိုင်ငံဝန်ထမ်း၊ ကလေးငယ်ပါမကျန် သတ်ဖြတ်ခဲ့ရာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၄၄၃ဦး သေဆုံးခဲ့ရသည်ကို နစကသက်တမ်း ၂နှစ်ပြည့်ပြီး ကာလုံအစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့သည်ကို သိရှိရပါသည်။
အကြမ်းဖက်ဘေးအန္တရာယ်ကို ဆိုးရွာစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းမှ ဒေသခံ ပြည်သူတစ်ဦးအနေဖြင့် NLD ပါတီဝင်များ ဆူပူအကြမ်းဖက်လုပ်ရပ်များ စတင်လုပ်ဆောင်လာပြီဆိုကတည်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်ချိတ်ဆက် သတင်းများ ပေးပို့ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကြမ်းဖက်အဖွဲ့အစည်းများ၊ အကြမ်းဖက်သမားများကို အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပါ။ ထိုသို့ သတင်းပေးခြင်းကြောင့် ကျွန်တော်တို့ မိသားစုအပေါ် PDF အကြမ်းဖက်သမားများက ပစ်မှတ်ထားလာသည့် အခြေအမျိုးကြုံတွေ့ရပြီး တိမ်းရှောင်ထွက်ပြေးခဲ့ရပါသည်။ ကျွန်တော်တို့၏ မိသားစုပိုင် စုပွားရေးများလည်း ပျက်စီးဆုံးရှုံးရသည့်အခြေအနေသို့ ရောက်ခဲ့ပါသည်။
နစကဥက္ကဋ္ဌကြီးနှင့်တကွ နစကအဖွဲ့ဝင် လူကြီးမင်းများ ခင်ဗျား -
ယနေ့တိုင်အောင်လည်း PDF အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားသွားလာဆောင်ရွက်မှုများကို လေ့လာစုံစမ်း၍ တာဝန်ရှိသူများထံ သတင်းပေးပို့သည့် အလုပ်ကို သစ္စာမပြတ်ဘဲ လုပ်ကိုင်နေမြဲပင်ဖြစ်ပါသည်။ (၇၈)နှစ်မြောက် တပ်မတော်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှာ "ဒုတိယအကြိမ် အရေးပေါ် သက်တမ်းကာလမှာ အရေးကြီးတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့် သတ်မှတ်ပြီး ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း" အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား ပြောကြားသွားသည်ဟု မှတ်ယူပါသည်။
ဥက္ကဋ္ဌကြီး၏ မိန့်ခွန်းတွင် "NUG နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း" ပြောကြားခဲ့သည်ကိုလည်း မှတ်သားမိပါတယ်။
နစကဥက္ကဋ္ဌကြီးနှင့်တကွ နစကအဖွဲ့ဝင် လူကြီးမင်းများ ခင်ဗျား -
၂နှစ်တာကာလ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ရဟန်းရှင်လူပြည်သူပေါင်းများစွာကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြသည်ကိုလည်း လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါသည်။ PDF ဟူသည် အကြမ်းဖက်သမား သက်သက် မဟုတ်ဘဲ လူယုတ်မာ၊ လူရမ်းကား၊ လူ့အောက်တန်းစား၊ လူစိတ်မရှိတော့သည့် ခွေးတိရစ္ဆာန်များ ဖြစ်သည်ကို ၎င်းတို့၏ လုပ်ရပ်များက သက်သေခံနေပါသည်။ PDF များအနေဖြင့် တပ်မတော်ကို တော်လှန်သည်ဟု လေကြီးမိုးကြီး ပြောနေသော်လည်း တပ်မတော် စစ်ကြောင်းလာသည့်အခါ ခွေးပြေး၊ ဝက်ပြေး ပြေး၍ တိမ်းရှောင်နေကြပြီး တပ်မတော်စစ်ကြောင်း မရှိတော့သည့်အခါ ကျေးရွာများသို့ ပြန်လည် ဝင်ရောက်လာပြီး ဒေသခံပြည်သူများအပေါ် လက်နက်ဖြင့် ခြိမ်းခြောက် အနိုင်ကျင့် စော်ကားနေသော လူ့အောက်တန်းစား ခွေးတိရစ္ဆာန်များသာ ဖြစ်သည်ကို ကျွန်တော်တို့က ကိုယ်တွေ့ ခံစားနေကြရခြင်း ဖြစ်ပါသည်။
တပ်မတော်အနေဖြင့် စစ်ကြောင်းထိုး ရှင်းလင်းသည့်အခါ ညွှန်ကြားထားသည့် လမ်းကြောင်းအတိုင်းသာ ရှင်းလင်းသွားခြင်း ဖြစ်ပြီး PDF တိမ်းရှောင်နေသည့် နေရာများကို ဝင်ရောက်ရှင်းလင်းခြင်းမျိုး မဟုတ်ပါ။ တပ်မတော်အနေဖြင့် PDF အကြမ်းဖက်သမား ခွေးတိရစ္ဆာန်များ ထကြွသောင်းကျန်းနေသည့် ဒေသများတွင် တပ်စွဲ၍ ရှင်းလင်းခြင်းမျိုးလည်း မလုပ်ပါ။ သက်ဆိုင်ရာမြို့နယ်များတွင် အရေးပေါ် အကူအညီတောင်းခံ၍သော်မှ ဘယ်သူမှ ထွက်လာပြီး အကူအညီမပေးနိုင်သည့် အခြေအနေမျိုး ကြုံတွေ့ရသည့်အခါ ငါတို့ တမင်သက်သက် သေကြောင်းကြံနေကြခြင်းများလားဟုပင် တွေးမိပါသည်။ ထိုသို့သော အခြေအနေကြောင့် သေဆုံးခဲ့ရသူပေါင်းလည်း မနည်းတော့ပါ။
နစကဥက္ကဋ္ဌကြီးနှင့်တကွ နစကအဖွဲ့ဝင် လူကြီးမင်းများ ခင်ဗျား -
သက်ဆိုင်ရာမြို့နယ်၊ ဒေသများတွင် အကြမ်းဖက်အန္တရာယ် ကာကွယ်တားဆီးရေးအတွက် နိုင်ငံတော်မှ စေလွှတ်ထားသော တာဝန်ရှိသူများအနေဖြင့် တာဝန်ရှိသူများပီပီ တာဝန်သိစိတ်ဖြင့် ဥပဒေဘောင်အတွင်း နေထိုင်လျက်ရှိသော ပြည်သူများကို ကာကွယ်စောင့်ရှောင်မှုပေးသည်။ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးမည်ဆိုပါက ကျွန်တော်တို့ဒေသ၊ ကျွန်တော်တို့ အရပ်တွင် ထိုမျှလောက် သေပွဲဝင်ရလိမ့်မည် မဟုတ်ပါ။ PDF အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းရာတွင်လည်း ဟန်ပြလောက်သာ ခိုင်းစေချက်အရ လုပ်ခြင်းမျိုးမဟုတ်ဘဲ တိတိကျကျ လုပ်ဆောင်မည်ဆိုပါက ခွေးဝဲစား PDF များ အနေဖြင့် အပြစ်မဲ့ ပြည်သူများအပေါ် စိတ်ထင်တိုင်း အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးနိုင်မည် မဟုတ်ပါ။
လူကြီးမင်းများ ခင်ဗျာ -
ယခုအချိန်အခါသည် ရာသီဥတု ပွင့်လင်း၍ အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းရန် အကောင်းဆုံး အချိန်ဖြစ်ပါသည်။ တောခို ပုံးအောင်းနေသော PDF များမှာ ဝါးရုံအောက် အရိပ်ခို၍ နေနေကြသည့် ကာလဖြစ်ပါသည်။ ယခုအချိန်အခါတွင် မရှင်လင်းဘဲ ထားမည်ဆိုလျှင် နောက်ထပ် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာရဲ့ အသက်ဇီဝိန်ပေါင်းများစွာကို ခွေးဝဲစား PDF များက ရက်စက်ယုတ်မာရိုင်းစိုင်းစွာ နှုတ်ယူနေကြအုံးမည်ဖြစ်ပါသည်။
ရွှေဘိုမြို့နယ်တွင် PDF အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်နေကြရသော မိသားစုမှ ဖခင်ကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းမိသွားပြီး သားဖြစ်သူကို ခေါ်ခိုင်းသဖြင့် ခေါ်ပေးလိုက်ရာ PDF အကြမ်းဖက်သမားများက သားဖြစ်သူ ကြက်ကလေး ငှက်ကလေး သတ်သလို လေးပိုင်း ပိုင်း၍ သတ်ဖြတ်သွားခဲ့ကြပါသည်။
ထိုသို့သော ဆိုးရွားလှသည့်အခြေအနေများကို ကိုယ်တိုင်ကြုံတွေ့ ရင်ဆိုင်နေကြရသည့် ဒေသခံပြည်သူများအနေဖြင့် မည်သို့ မျှ မခံစားနိုင်တော့ပါ။ တပ်မတော်အနေဖြင့် ဘယ်တော့ရှင်းမှာလဲ၊ ဘယ်တော့ရှင်းမှာလဲ မျှော်တလင့်လင့် စောင့်စားရင်း သေပွဲဝင်ရမည့် အခြေအမျိုး ဖြစ်နေပါသည်။ ဒီထက်ပို၍လည်း အကြမ်းဖက်သမားများကို ဆိုးသွမ်းမိုက်မဲခွင့် မပြုသင့်တော့ပါ။ ယနေ့ပင် အပြတ်ရှင်းသင့်ပါပြီ။ ယခုပင် အပြတ်ရှင်းပေးပါတော့ဟု နိုင်ငံတော်အကြီးအကဲများထံ လေးစားစွာ ဦးတင်ဂါရဝပြု၍ တောင်းဆိုအပ်ပါသည်။
တာဝန်သိ ပြည်သူတစ်ဦး
#MyanmarNationalPost
No comments:
Post a Comment