ကျိုက်ထိုမြို့နယ်တွင် ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့်တီဘီ ရောဂါ ရှာဖွေကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့်တီဘီ ရောဂါ ရှာဖွေကုသပေး










MNP ၊  ဧပြီ ၂၄

   မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်၊ရဟန်းရှင်၊ပြည်သူများကျန်းမာရေးကောင်းမွန်စေရန်မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် မြန်မာနှစ်သစ်အထိမ်းအမှတ် ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့်တီဘီ ရောဂါ ရှာဖွေကုသခြင်းအား ဧပြီ ၂၃ရက် နံနက် ၉ နာရီတွင် ကျိုက်ပိကျေးရွာ ကပ်ကျော်စေတီ ဓမ္မာရုံ ၌ စစ်ဆေးကုသပေးခဲ့သည်။


   ယင်းသို့ တီဘီ ရောဂါ ရှာဖွေကုသရာသို့ မော်လမြိုင်ဆေးရုံကြီး တီဘီရောဂါကုသရေးဌာနမှ ဒေါက်တာ ထွန်းဦးနှင့်ဒေါက်တာတင်ကိုကိုထွေးဦးစီး၍ကျန်းမာရေးဝန်ထမ်းများပူး ပေါင်းကာ သံဃာတော်နှင့်၊ ပြည်သူများအား ဓာတ်မှန် ရိုက်စစ်ဆေးခြင်း၊လိုအပ်သည့် သောက်ဆေးများပေးဝေခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။


     အဆိုပါ ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့်တီဘီရောဂါ စစ်ဆေး ကုသပေးခြင်းကို ဧပြီလ ၂၁ ရက်နေ့မှ ဧပြီ(၂၉)ရက်နေ့ထိ ကျိုက်ထိုမြို့နယ်၊ရပ်ကွက်ကျေးရွာများတွင် ဆောင်ရွက်သွား ပေးမည်ဖြစ် ကြောင်းကျန်းမာရေးဦးစီးဌာနမှသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)