ရခိုင်ပြည်နယ် မောင်တောမြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲ ဆက်လက်ဖြေဆို



MNP ၊  ဧပြီ ၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းလွှဲ ၁၂ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင်  သံဃာတော်များက ဆက်လက်ဖြေဆိုလျက်ရှိကြသည်။  

 

မောင်တောမြို့နယ် စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲကို သာသနာ့ဗိမာန်တော်၌  နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပလျက်ရှိပြီး  မောင်တောစာဖြေဌာနတွင် စာဖြေသံဃာ ၁၉ ပါး ဖြေဆိုရန် စာရင်းသွင်းထားပြီး သံဃာတော် ၁၇ ပါး ဝင်ရောက် ဖြေဆိုလျက်ရှိရာ မြို့နယ်သံဃာနာယက ဆရာတော်ကြီး နှင့် ဩဝါဒစရိယ ဆရာတော်ကြီး များက ကြီးကြပ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


 အစိုးရ ပါဠိပထမပြန် စာမေးပွဲကို   ဖြေဆို ကြသည့် ပထမကြီး တန်း စာဖြေ သံဃာများသည်  ယထိုက်အထက် ၅ကျမ်း ၊ ပထမလတ်တန်း  ယထိုက်အောက် ၅ ကျမ်း ၊  ပထမတန်း စာဖြေ သံဃာများသည်   ဘာသာပြန် ဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိကြပြီး အစိုးရ ပါဠိပထမပြန် စာမေးပွဲ ကို မတ် ၂၈ ရက်နေ့မှ ဧပြီ ၃ ရက်နေ့ အ ထိ ကျင်းပ ပြု လုပ် သွားမည်ဖြစ်သည်။ 


အဆိုပါ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မောင်တော စာဖြေဌာန  မတ် ၃၁ ရက်နေ့ တွင် ပထမ ကြီး တန်း ၂ ပါး၊ ပထမလတ်တန်း ၁ ပါး၊ ပထမငယ်တန်း ၅ ပါး စုစုပေါင်း ၈ ပါးဖြေဆိုလျက်ရှိပြီး ရာခိုင်နှုန်း အားဖြင့် (၈၈)ရာခိုင်နှုန်း ရှိကြောင်း ခရိုင်သာသနာ့ရေးမှူးရုံးမှ သိရသည်။  


သက်လွင်စိုး ၊အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)