ဟုမ္မလင်း၌ ပါဠိပထမပြန်အောင်လက်မှတ်ဆပ်ကပ်ပွဲနှင့် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်း၌ ပါဠိပထမပြန်အောင်လက်မှတ်ဆပ်ကပ်ပွဲနှင့် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ


MNP ၊  ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ပါဠိပထမပြန် အောင်လက်မှတ် ဆက်ကပ်ပွဲနှင့်ဂုဏ်ပြုပူဇော်ပွဲ ဆူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက ဟုမ္မလင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိ စာသင်တိုက်ပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊ ပင့်သံဃာဆရာ​တော်များနှင့် စာအောင်သံဃာတော်(၅)ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်များ၊ မြို့မိမြို့ဖများမှ ​လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ခြင်းနှင့် ပါဠိပထမပြန်စာအောင် လက်မှတ်များ ပေးအပ်ပြီး၊ ဆရာတော်က အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး၊ ဗုဒ္ဓ သာသနံစီရံတိဌ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)