ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ သောကြာနေ့ညပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ သောကြာနေ့ညပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်





MNP - ဧပြီ  ၂၁


ပရီးမီးယားလိပ်ပွဲစဉ် ၃၂အဖြစ် သောကြာနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၁:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီအပတ်မှာတော့ အစောဆုံးသောပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


အာဆင်နယ် - ဆောက်သမ်တန် (ယနေ့ည ၁:၃၀ နာရီ)


အာဆင်နယ်အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ဟာ အာဆင်နယ်အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ လက်ရှိအခြေအနေဟာ တဖြည်းဖြည်း စိုးရိမ်စရာကောင်းပါပြီ။မန်ချက်စတာစီးတီးအသင်းနှင့် အမှတ်ကွာဟချက်ဟာ အရမ်းကိုနီးကပ်လာပါပြီ။ ဒီနေ့ပွဲစဉ်ပြီးရင် အီးတီဟတ်မှာ ချန်ပီယံစီးချင်းထိုရမှာပါ  ပြီးရင် မြို့ခံပြိုင်ဘက် ချယ်လ်ဆီအသင်း၊ နယူးကာဆယ်အသင်းတို့နဲ့ ပွဲကျပ်တို့ကို ဆက်တိုက်ကစားရမှာပါ။ အမှတ်လျော့သွားနိုင်ခြေရှိတဲ့ပွဲတွေကြားထဲမှာ မဖြစ်မနေ (၃) မှတ်ယူရမယ့် ပွဲတစ်ပွဲပါ။ ဆောက်သမ်တန်မှာ တန်းဆင်းဇုန်ရုန်းအား ရှိတယ်၊ ဒါပေမယ့် တန်းဆင်းဇုန်ရုန်းအားရှိတိုင်း တန်းမဆင်းရတော့ဘဲ ပွဲတွေအားလုံးအနိုင်ကစားသွားတယ်ဆိုတာက သူရဲကောင်းပြဇာတ်တစ်ပုဒ်ပါ၊ လက်တွေ့မှာ ထင်သလောက် မလွယ်ကူပါဘူး။ အမှန်တော့ ခြေညံ့လို့ တန်းဆင်းဇုန်ထဲ ရောက်နေတာဖြစ်ပြီး၊ နောက်ဆုံးပန်းဝင်ချိန်လေးမှာ တချို့အသင်း တွေ ပုံစံကောင်းရသွားကြတယ်၊ တချို့အသင်းတွေ ညံ့မြဲညံ့ပြီး တန်းဆင်းသွားတယ်၊ ယေဘုယျအားဖြင့် ဆောက်သမ်တန်အသင်းက ဇယားထိပ်က ဂန်းနားတို့ထက် အများကြီး ညံ့ပါတယ်။ ကစားရမှာကလည်း အာဆင်နယ်ကွင်း၊ ပြီးတော့ အာဆင်နယ်ဟာ ချန်ပီယံအိပ်မက်အတွက် ပေါက်ကွဲပြလိမ့်မယ်၊သူတို့ရဲ့ လုပ်နိုင်စွမ်းကို သွင်းဂိုးတွေနဲ့ သက်သေပြလိမ့်မယ်။အာဆင်နယ်အသင်း ဂိုးပြတ်အနိုင်ယူ သွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် အာဆင်နယ် ၄ - ၀ ဆောက်သမ်တန်) 


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)