PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနှင့် မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာတို့ရှိ ကျေးရွာဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများနှင့် လူနေအိမ်များအကာကွယ်ရယူ၍ အကြမ်းဖက်မှုများလုပ်ဆောင်၊ လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဆိုင်ရာ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနှင့် မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာတို့ရှိ ကျေးရွာဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများနှင့် လူနေအိမ်များအကာကွယ်ရယူ၍ အကြမ်းဖက်မှုများလုပ်ဆောင်၊ လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဆိုင်ရာ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက်







MNP ၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီးတွင် PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့၏အကြမ်းဖက်ဌာနချုပ် NUG ရုံးတည်ဆောက် ၍ ဧပြီလ ၁၁ ရက်တွင် ဖွင့်ပွဲပြုလုပ်ရန်စီစဉ်လျက်ရှိသဖြင့် အကြမ်းဖက်မှုကို မလို လားသည် ဒေသခံပြည်သူတို့၏ အချိန်နှင့် နေရာတိကျစွာ သတင်းပေးပို့လာမှုအရ တပ်မတော်က လေကြောင်းအကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့မှုအား နိုင်ငံပိုင် နေ့စဉ် ထုတ်သတင်းစာများနှင့် ရုပ်မြင်သံကြား တို့မှ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ တို့ဖြင့် ဧပြီလ ၁၃ ရက်နေ့တွင် အပြည့်အစုံ ဖော်ပြခဲ့ပြီးဖြစ်သည်။


ဖော်ပြပါ သတင်းများအရ ဧရာဝတီမြစ်အရှေ့ခြမ်းတွင် NUG အကြမ်းဖက် အဖွဲ့၏ အရှေ့ဘက်ဌာနချုပ်အဖြစ် အခြေပြုရန် ကြိုးပမ်းလျက်ရှိသော မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နမ့်လန်ကျေးရွာများ တစ်ဝိုက်ရှိ KIA ရင်း(၁၂)နှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို မတ် ၂၃ ရက်မှ ဧပြီ ၈ ရက်အထိ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက်အဖွဲ့များထံမှ အလောင်းနှင့်လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး ကျေးရွာများအတွင်း ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့် လူနေအိမ်များတွင် ဘန်ကာ များ၊ ပစ်ကျင်းများနှင့် မိုင်းအတားအဆီးများ ထောင်ထားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။


ဆက်လက်၍ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ကန့်ဘလူ မြို့နယ်၊ ပဇီကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ထပ်မံရောက်ရှိနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ  ဧပြီ ၂၀ ရက်တွင် တပ်မတော်စစ်ကြောင်းများဖြင့် သွားရောက်၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ မြောက်ဘက်သို့ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။


အဆိုပါကျေးရွာ အနီးတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာ ဘုန်းကြီးကျောင်းအုတ်တံတိုင်းအနီးမှ အကြမ်းဖက်သမား အလောင်း ၄ လောင်း၊ ကျည်အိမ် ၂ ခု၊ ၄၀မမဗုံးသီး ၅ လုံး၊ သဲအိတ်ဘန်ကာများ၊ ကျောင်းခြံစည်းရိုး အနီးဆက်သွယ်ရေးမြောင်းနှင့်ပစ်ကျင်းများ အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် ဆိုင်ကယ် ၇ စီး၊ လူနေတဲများ၊ ၁၂ ဗို့ကျည် ၁၀ တောင့်၊ မိုင်းရှာစက် ၁ လုံး၊ ဘက်ထရီအိုးအကြီး ၃ လုံး၊ ပြောက်ကျားယူနီဖောင်း များနှင့် အခြားဆက်စပ်ပစ္စည်း များသိမ်းဆည်းရမိခဲ့သည်။


အလားတူ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း မကြီးကန်ကျေးရွာ အနီးတစ်ဝိုက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိနေကြောင်း ဒေသခံများကပင် သတင်းပေးပို့လာမှုအရ  လုံခြုံရေး တပ်ဖွဲ့ဝင်များက ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် သွားရောက် တိုက်ခိုက် ချေမှုန်းခဲ့ရာ အကြမ်းဖက်သမားများနှင့်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။အဆိုပါ ကျေးရွာ ကျေးလက် ဆေးပေးခန်း အတွင်းမှ အမ်-၂၂ ကျည်အိမ် မျိုးစုံ ၁၀ ခု၊ တရုတ် လက်ပစ်ဗုံးမျိုးစုံ ၁၈ လုံး၊ ဗုံးသီးမျိုးစုံ ၄ လုံး၊ ၁၂ ဗို့ကျည် ၃၀ တောင့်၊ ၅.၅၆မမကျည် ၆၀၀ တောင့်၊ ၇.၆၂ မမကျည် ၁၀၀ တောင့်၊ ရိုင်ဖယ်ကျည် ၅၀ တောင့်၊ ကားမျိုးစုံ ၄ စီး၊ ဆိုင်ကယ်မျိုးစုံ ၂၀ စီး၊ ပြောက်ကျား ယူနီဖောင်းများ ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ အဆိုပါ ကျေးရွာရှိ နေအိမ်များအတွင်းမှ  လက်လုပ်ရှော့တိုက်ပြောင်း ၈ ခု၊ လက်လုပ်မိုင်းစုံ ၄၆ လုံး၊ ယမ်း ၈ ပိဿာ ၄ ထပ်၊ လက်တော့ပ် ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။


အထက်ပါဖြစ်စဉ်များတွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်မှုအရ မြေပြင်တွေ့ရှိ ချက်များသည် တစ်ထပ်တည်းတွေ့ရှိရပြီး သတင်းပေးပို့လာသည့် အချက်အလက် များအတိုင်းအကြမ်းဖက်အဖွဲ့များသည်ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများအတွင်း ဘန်ကာများဆောက်လုပ်ခြင်း၊ ပစ်ကျင်းများတူး ထားခြင်း၊ ကျေးရွာပတ်လည်တွင် လက်လုပ်မိုင်းများဖြင့် အတားအဆီးပြု လုပ်ထား ခြင်းများကို တွေ့ရှိရသည်။ ထို့အပြင် အကြမ်းဖက်အဖွဲ့များ အနေဖြင့် ၎င်းတို့လှုပ်ရှား သွားလာမှုများတွင် အပြစ်မဲ့ဒေသခံ ရွာသူ/ရွာသား များကိုအလှည့်ကျခေါ်ဆောင် လိုက်ပါစေပြီး တိုက်ပွဲဖြစ်ပွားချိန်များတွင် ရွာသူ/ ရွာသားများကို လူသားတံတိုင်း (Human Shield)အဖြစ် အသုံးချလျက်ရှိကြောင်း ကိုလည်း မြေပြင်တွေ့ရှိချက် များအရ  ဖော်ထုတ်သိရှိရသည်။ ၎င်းတို့အသုံးချနေသော ရွာသူရွာသားများ ထိခိုက် သေဆုံးမှု ရှိပါက တပ်မတော်အပေါ် မီဒီယာအရ ဝါဒဖြန့်မှု များဖြင့် ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်လျက်ရှိသည်။


ထို့အပြင် အကြမ်းဖက်သမားများသည် ဧပြီလ ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လုံခြုံရေးဆောင်ရွက် နေသည့်  တပ်ဖွဲ့ဝင်များအား မော်တော်ယာဉ် ၁ စီးပေါ်မှ သံဃာတော်များအသွင်ယူ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။


အဆိုပါဖြစ်စဉ်သည် ပြည်သူလူထုအများစု ကိုးကွယ်ယုံကြည်အလေးထားသော ဘုန်းတော်ကြီးများအသွင်ဟန်ဆောင်ကာ သာသနာ၏ အမြတ်တနိုး တန်ဖိုးထားသော သင်္ကန်းကိုအသုံးချ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အငိုက်ဖမ်းတိုက်ခိုက်မှုသည် ပြည်သူ လူထုတစ်ရပ်လုံးအပေါ်  စိတ်နှလုံးညိုးနွမ်းစေရုံသာမက နိုင်ငံတကာတွင်လည်း နိုင်ငံ၏ ဂုဏ်သက္ခာကိုများစွာ ကျဆင်းစေသော လုပ်ရပ်ဖြစ်သည်။


PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုနှင့် တပ်မတော်က လိုလားသော ထာဝရငြိမ်းချမ်းရေးကို မျက်ကွယ်ပြုကာ ၎င်းတို့၏ကိုယ်ကျိုးကို ရှေ့တန်းတင်လုပ်ဆောင်နေသော လက်နက်ကိုင်သောင်းကျန်းသူများ၏ အထောက်အပံ့ များကိုရယူကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အလှမ်းကွာဝေးသော ဒေသများတွင် ဒေသခံ လူထုအား အနိုင်ကျင့်ခြိမ်းခြောက်၍ ကျေးရွာဘုန်းကြီးကျောင်းများ၊ စာသင် ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းနှင့်လူနေအိမ်များတွင် သဲအိတ်၊ ဘန်ကာများ ဆောက်လုပ်ခြင်း၊ ပစ်ကျင်းများတူးခြင်း၊ ပတ်ဝန်းကျင်တွင်လက်လုပ်မိုင်းအတားအဆီးများ ထောင်ထားခြင်းများ ပြုလုပ်လာခဲ့သည်။ ထို့အပြင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာ၌ ဘုရား ကျောင်းကန်၊ ရဟန်းသံဃာနှင့်သီလရှင်များအပေါ်တွင်လည်း ရက်စက်ယုတ်မာ မှုများလုပ်ဆောင် လာခဲ့ပြီး ဗုဒ္ဓဘာသာဝင်တို့အထွက်အမြက်ထားရာ သင်္ကန်းကို အသုံးချ၍ အကြမ်းဖက်မှု လုပ်ရပ်များကိုလည်း စက်စုပ်ရွံ့ရှာဖွယ် ပြုလုပ်လာကြောင်း တွေ့ရှိရသည်။ အဆိုပါ အများနှင့်သက်ဆိုင်သော စစ်ဘက်နှင့် မသက်ဆိုင်သည့် အဆောက်အဦနေရာများကို အသုံးချခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ်အသုံးချခြင်းသည့် စစ်ရာဇဝတ်မှု( War Crime)ကို ကျုးလွန်ခြင်း ဖြစ်ပြီး ၎င်းတို့၏ ယုတ်မာသော လုပ်ရပ်များနှင့်ပတ်သက်၍လည်း ၎င်းတို့အပေါ် ရွံမုန်းကြောက်ရွံ့နေသည့် ပြည်သူ များအနေဖြင့် ရရှိသည့်အခွင့်အရေး အပေါ်မူတည်၍ သတင်းအချက်အလက်များကို လုံခြုံရေးတပ်ဖွဲ့များထံ အဆက်မပြတ် ပေးပို့ လျက်ရှိသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အေးချမ်း တည်ငြိမ်စွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ဥပဒေမဲ့လုပ်ရပ် များ ကျုးလွန်ကာ ပြည်သူအပေါ် နိုင်ထက်စီးနင်းအနိုင်ကျင့်သတ်ဖြတ်နေသော အကြမ်းဖက်အဖွဲ့များကို ဥပဒေနှင့်အညီ အင်အားအကန့်အသတ်ဖြင့် အကြမ်းဖက် ချေမှုန်းရေး စစ်ဆင်ရေးဆင်နွဲနေခြင်းဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်ပဋိပက္ခများ တွင် လိုက်နာရသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ၊ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဆိုင်ရာ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement- ROE)နှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များ အနေဖြင့်  ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်နိုင်ရေး ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)