ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန community centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန community centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ





MNP ၊  ဧပြီ ၂၁

    ကျိန္တလီမြို့၌ စာရေးဆရာ အောင်းသင်း၏ “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။


    ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသား/သူများ အနေဖြင့် ကျောင်းအားလပ်ချိန်များတွင် အသိပညာ    ဗဟုသုတများ ရရှိစေရန်၊ စာဖတ်စွမ်းရည်များမြင့်မားလာစေရန်၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြား တတ်ကြစေရန်   စာအုပ်စာပေများကိုဖတ်ရှုရန် လိုအပ်ကြောင်း၊ ယခုလိုတစ်ဦးနှင့်တစ်ဦး အသိပညာ ဗဟုသုတများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်၊၊


    ဆက်လက်၍  မောင်ရန်မင်းအောင်က“မိဘကိုယ်စား”ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မသက်ဝေလှိုင်က “လိမ္မာရေးခြားဆိုစကား”ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မဖြိုးအိမွန်က “အတွေ့နှင့်အတွေး”ခေါင်းစဉ်ပါ အ​ကြောင်းအရာများကို လည်းကောင်း၊  မယွန်းရွှေရည်လင်းက “လူငယ်နှင့်သည်းခံမှု”ခေါင်းစဉ်ပါအကြောင်းအရာများကို လည်းကောင်း၊ မနှင်းဟေမာန်အောင်က “စာတတ်ဖို့စာဖတ်ဖို့” ခေါင်းစဉ်ပါအကြောင်းအရာများကို လည်းကောင်း ဖတ်ကြားပြီး စာဖတ်သူများမှ နားလည်သည်များကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရှင်းပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment