ဗန်းမော်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်ကျင်းပ











MNP ၊ ဧပြီ ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ကို ဧပြီ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နံနက် ၈ နာရီတွင် ဗန်းမော်မြို့၊ မြို့မရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေး၌ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မင်္ဂလာ နှစ်ဆန်းတစ်ရက်နေ့တွင် ကုသိုလ်ကောင်းမှုအဖြစ် နှစ်လက်မအရွယ်ရှိ ရွှေဝါငါးကြင်းပေါက် အကောင်ရေ နှစ်သိန်းနှင့် ငါးခုံးမအကောင်ရေ တစ်သိန်း၊ စုစုပေါင်း ငါးသားပေါက် အကောင်ရေ သုံးသိန်းအား မြစ်အတွင်း လွှတ်ပေးခဲ့ကြသည်။

ဆက်လက်ပြီး ပေါက်ကုန်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ အဘိုး (၄)ဦး၊ အဖွား (၁၃)ဦးအား လှူဖွယ်ပစ္စည်းအစုစုတို့အား ပေးအပ် ကန်တော့ခဲ့ကြသည်။

ယင်းနောက် နေ့လည် ၁ နာရီ၌ ခရိုင်စုပေါင်းရုံးအပေါ်ထပ် အစည်းအဝေးခန်းမ၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)