- MyanmarNationalPost

MyanmarNationalPost

News Agency

Breaking





MNP ၊  ဧပြီ ၁၇

  ရခိုင်ပြည်နယ် မာန်အောင်မြို့  မြို့မကျောင်းကြီး ကုသိနာရုံအဖွဲ့က ကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည် ပူဇော်ခံပွဲကို ယနေ့နံနက်၇နာရီက မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည်ပူဇော်ခံခဲ့ကြောင်းသိရသည်။


  ထိုသို့ လှည့်လည်ပူဇော်ခံရာတွင် ကုသိနာရုံအဖွဲ့ဝင်များက မြို့မဘုန်းတော်ကြီးကျောင်းရှိ ကုသိနာရုံ ဓမ္မာရုံတွင်သီတင်းသုံးစံပယ်တော်မူသောနှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပင့်ဆောင်ပြီးပြည်သူများ ပူဇော်နိုင်ရန် လှည့်လည်ရာ စေတနာရှင်၊အလှူရှင်ပြည်သူများကလှူဒါန်းဖွယ်ရာအလှူဝတ္တုများဖြင့်လှူဒါန်းပူဇော်ခဲ့ကြသည်။


   မာန်အောင်မြို့တွင် နှစ်စဥ်၊နှစ်တိုင်းနှစ်ဆန်းတစ်ရက်နေ့တွင် ပြည်သူများ ဘေးဥပဒ်အန္တရာယ် ကင်းပျောက်စေရန်နှင့်ကောင်းမှု ကုသိုလ်များ တိုးပွားနိုင်စေရန် ရည်ရွယ်၍မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ပူဇော်ခံခြင်းဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)