မာန်အောင်မြို့၌ (၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့၌ (၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲကျင်းပ









MNP ၊  ဧပြီ ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့ တွင်မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ နှစ်စဥ်ကျင်းပလျက်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား ပူဇော်ပွဲကို ယနေ့နံနက်၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


     ထိုသို့ ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြို့ပေါ်(၅)ရပ်ကွက်မှအသက်(၈၅)နှစ်အထက် ဘိုးဘွား(၇၇)ဦးအား တစ်ဦးလျှင်၃၀၀၀၀ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၃၁၀၀၀၀ ကို ဘိုးဘွားများအား ပူဇော်ခဲ့ကြပြီး ဘိုးဘွားများ၏ကိုယ်စား အဘိုးဦးစောညွန့်က ဆုပေးမေတ္တာ စကားပြောကြားသည်။


         ယင်းနောက် သက်ကြီးဘိုးဘွားများအား မုန့်ဟင်းခါး အဟာရဖြင့်ကျွေးမွေးခဲ့ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် ဘိုးဘွားများအားရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ အိမ်တိုင် ရာရောက်သွားရောက် ပူဇော်ခဲ့ ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)