တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများမှ အတန်းလိုက် အောင်စာရင်းများ ထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများမှ အတန်းလိုက် အောင်စာရင်းများ ထုတ်ပြန်ကြေညာ




MNP ၊  ဧပြီ ၂၇

၂၀၂၂-၂၀၂၃ခုနှစ်၊ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစာမေးပွဲ အောင်စာရင်းများကို ၂၀၂၃ ခုနှစ်၊ ယနေ့နံနက်၆နာရီအချိန်မှစ၍ ထုတ်ပြန်ကြေညာ၍ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ အခြေခံပညာကျောင်းများရှိ ကြော်ငြာသင်ပုန်းများတွင် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။


ဤမြို့နယ်အတွင်း အဆိုပါအောင်စာရင်းများ ထုတ်ပြန်ရာတွင် KG အတန်းမှစ၍ (သင်ရိုးသစ်) (ဧကဒဿမတန်း) (GRADE-11) အတန်းအထိ  အခြေခံပညာကျောင်းများနှင့်  GRADE-5  နှင့် GRADE-9 စာစစ်ဌာနများ…စုစုပေါင်း(၇၀)တို့တွင် အတန်းလိုက် အောင်စာရင်းများကို ထုတ်ပြန်ကြေငြာပြီး သက်ဆိုင်ရာ အခြေခံပညာကျောင်းအလိုက် ကြောညာသင်ပုန်းများတွင် ကပ်ထားကြေညာပေးထားကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)