ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ





MNP ၊  ဧပြီ ၄

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက်  ၁၀ နာရီ အချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က  ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင် ကျ ရောက် မည့်  မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေသည့် ကိစ္စရပ်များ ၊ နှစ်ဆန်း တစ်ရက်နေ့တွင် မြို့လုံးကျွတ် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်နိုင်ရန်အတွက် စုရပ်များဖြစ်သော မြို့နယ် စည်ပင်သာယာရေးရုံးရှေ့ ၊ မြို့နယ်တရားရုံးဘေးလမ်းဆုံ ၊  ကုန်သွယ်ရေးရုံး နှင့် ကုန်သည်များ အသင်း ရုံးရှေ့ လမ်းဆုံ ၊ မြို့ဦးရွာ ၊ သာသနာ့ဗိမာန် စုစုပေါင်းစုရပ် ၅  ခုတွင်  ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်မည့် ဖြစ်သဖြင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ၊ မဟာ သင်္ကြန် အား ယခင်နှစ် များထက် ပိုမို စည်းကား သိုက် မြိုက်စွာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ၊ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ နှင့် ရခိုင်ရိုးရာ နံ့သာ သွေးပြိုင်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲ နှင့် မဟာ သင်္ကြန်ပွဲတော်ကို စည်း ကမ်းရှိရှိ နဲ့ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပ ပေးနိုင်ရန် အတွက် ကဏ္ဍအလိုက် ဆောင်ရွက်ထားသည့်များကို ရှင်းလင်းတင်ပြကြရန် လိုအပ်ကြောင်း ပြော ကြား ခဲ့သည်။


ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များက နှစ်ဆန်းတစ်ရက်နေ့တွင် မြို့လုံးကျွတ် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ် ပူဇော်နိုင်ရေး အတွက် ကဏ္ဍအလိုက် ကြိုတင် စီစဉ်ဆောင်ရွက်နေသည့် အ ခြေအနေများ၊ မဟာသင်္ကြန်အောင်မြင်စွာ ကျင်းပ နိုင်ရေး လုပ်ငန်း ကော်မတီ များအလိုက်  ဆောင်ရွက် နေ သည့်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ပေးခဲ့ ကြောင်း သိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)