MNP ၊ ဧပြီ ၂၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ပြည်နယ်စီးပွါးရေးရာဝန်ကြီးမှ သံတွဲမြို့နယ်၊ ငပလီကမ်းခြေဒေသရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ စည်ပင်တည်းခိုရိပ်သာလုပ်ငန်းရှင်များ နှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်စီးပွါးရေးရာဝန်ကြီး ဦးစံရွှေမောင်က ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးရေးအတွက် ပိတ်ထားသော ဟိုတည်တည်းခိုခန်းများအား ပြန်လည်ဖွင့်လှစ်ရေး ၊ မိမိတို့ကိုယ်တိုင်မဖွင့်လှစ်နိုင်၍ ရင်းနှီးမြုပ်နှံမှု စီးပွါးရေးလုပ်ငန်းများနှင့်ချိတ်ဆက်ပေးရန် လိုအပ်ပါက သက်ဆိုင်ရာတာဝန်ရှိသူများအား တင်ပြကြဆောင်ရွက်ကြရေး ၊ နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းရှင်များအားဖိတ်ခေါ်ရေး၊ ဟိုတယ် တည်းခိုခန်း လုပ်ငန်းများအပြင် စိုက်ပျိုးမွေးမြူရေး၊ အိမ်တွင်းမှုထုတ်ကုန် စီးပွါးရေးလုပ်ငန်းများနှင့် တွဲဖက်ဆောင်ရွက်ကြရန်နှင့် ငပလီအမှတ်တရ လက်ဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး၊ သန့်ရှင်းလတ်ဆတ်သော အစာအာဟာရများ ချက်ပြုတ်ရောင်းချပြီး ဒေသဆိုင်ရာစီးပွါးရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် သံတွဲမြို့နယ်၊ ငပလီကမ်းခြေ ဒေသရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ က လုပ်ငန်း လိုအပ်ချက်များကိုပြန်လည်တင်ပြဆွေးနွေးးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment