MNP ၊ ဧပြီ ၂၆
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ရုံး ဝန်ထမ်းများက သောက်သုံးရေအခက်အခဲရှိသည့် ဘုန်းတော်ကြီးကျောင်းများသို့ ယမန်နေ့ ညနေ ၄ နာရီအချိန်က သွားရောက်၍ သောက်သုံးရေများလှူဒါန်းခြင်းခဲ့ကြကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်နှင့်ဝန်ထမ်းများက သောက် သုံးရေများအခက်အခဲရှိသည့် မြို့မဝေဠုဝန်နှင့်ဝေဠုဝန်တောရကျောင်းများသို့သွားရောက်၍ ရေလီတာ ၅၆၀၀ စီကိုစုပေါင်းလှူဒါန်းခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment