မိုင်းရယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းစစ်ဆေး



MNP ၊  ဧပြီ ၄

မိုင်းရယ်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်း‌အောင်နှင့် အဖွဲ့၀င်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းအစုအဖွဲ့များအား ယနေ့နံနက် (၁၀)နာရီက  ကွင်းဆင်းစစ်‌ဆေးကြောင်း သိရသည်။


မိုင်းရယ်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များသည် မန်စန့်ကျေးရွာအုပ်စု စိုက်ပျိုးရေးလုပ်ငန်းအစုအဖွဲ့များဖြစ်သည့် ကောင်းကျဲကျေးရွာမိုးစပါး စိုက်ပျိုးရေးအစုအဖွဲ့၊ မန်စန့်ကျေးရွာမိုးစပါးအစုအဖွဲ့၊ နောင်ကန်းကျေးရွာ မိုးစပါးစိုက်ပျိုးရေးအစုအဖွဲ့၊ နောင်ခိုက်ကျေးရွာမိုးစပါးစိုက်ပျိုးရေးအစုအဖွဲ့များမှ ရာသီချိန်စိုက်ပျိုးရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စနစ်တကျ သုံးစွဲနိုင်ရေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


မိုင်းရယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)