ရခိုင်ပြည်နယ်မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၌သျှစ်သောင်းဘုရားပွဲအကြောင်းတွေ့ဆုံမေးမြန်းခြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၌သျှစ်သောင်းဘုရားပွဲအကြောင်းတွေ့ဆုံမေးမြန်းခြင်း




MNP ၊  ဧပြီ ၂၈

တွေ့ဆုံမေးမြန်းခြင်း


မေး။ ဆရာရဲ့ အမည်နဲ့ ဆရာကဒီမှာဘာတာဝန်ယူထားသလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ကျွန်တော်ရဲ့ အမည်က ဦးစောရွှေမောင်ဖြစ်ပါတယ်၊ သျှစ်သောင်းဘုရားဂေါပက ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။


မေး။ သျှစ်သောင်းဘုရားပွဲကို ခုဆိုရင် ဘယ်နှစ်ကြိမ်မြောက်ကျင်းပမှာပါလဲ၊ သျှစ်သောင်းဘုရားပွဲတွင် ပျော်ပွဲရွှင်ပွဲများအဖြစ် ဘာတွေကို ထည့်သွင်းထားပါသလဲ သိပါရစေရှင့်။

ဖြေ။ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၌ သျှစ်သောင်းဘုရားပွဲတော်ကို အခုဆိုရင် (၉၅) ကြိမ် မြောက်သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်၊လေးမျက်နှာ ဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မေလ (၂) ရက်နေ့ မှ မေ(၆) ရက်နေ့အထိ (၅) ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။သျှစ်သောင်း ဘုရားပွဲတော်တွင်ပျော်ပွဲရှင်ပွဲတွေအနေနဲ့ရခိုင့်ရိုးရာ ပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲတွင် ၁၂လံ၊ ၈ လံ နှင့် ၆ လံ ၊ ရခိုင်ရိုးရာကျင်ပွဲ တွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း နှင့် စတုတ္ထတန်း ၊ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ၊ ခေတ်သစ်ရခိုင့်ရိုးရာ ယဉ်ကျေးမှု ကပွဲသဘင် ၊ ငါးရှင်လွှတ်ပွဲ ၊ကဆုန်ညောင်ရေသွန်းလောင်းပွဲ၊ အောင်တပ်ချောင်း အတွင်းရေပေါ်သင်္ကြန်ပွဲတော်၊ပဌာန်း ရွှတ်ဖတ်ပူဇော်ပွဲ၊ ရှင်ဥပဂုတ္ထပင့်ပြီးတောစည်စည်ကားကားကျင်းပသွားမှာဖြစ်ပါတယ်။


မေး။ သျှစ်သောင်းဘုရားပွဲမကျင်းပသည်မှာ ဘယ်လောက်ကြာပြီလဲဆိုတာ သိချင်ပါတယ်။ ဘာကြောင့် မကျင်းပနိုင်တာလဲ ဆိုတာ ပြောကြားပေးပါရှင့်။

ဖြေ။ သျှစ်သောင်းဘုရားပွဲ မကျင်းပနိုင်သည်မှာ ကိုဗစ်ကပ်ရောဂါဖြစ်သွားတော့ သုံးနှစ်နီးပါး လောက် ကြာ မြင့်ခဲ့ပြီ ဖြစ်ပါတယ်။


မေး။ ဆရာရဲ့ အမည်နဲ့ ဆရာကဒီမှာဘာတာဝန်ယူထားသလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ကျွန်တော်ရဲ့ အမည်က ဦးအောင်ဌေးဦးပါ၊ သျှစ်သောင်းဘုရားဂေါပကအဖွဲ့မှာ ဘဏ္ဍာရေးမှူး အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ 


မေး။ သျှစ်သောင်းဘုရားပွဲတော်၌ ရခိုင့်ရိုးရာ(ပြိုင်လောင်း)လှေလှော်ပြိုင်ပွဲ ထည့်သွင်းထားတယ်လို့ သိရ ပါတယ်။ ထိုလှေ များတွင် လှေအရှည်အလိုက် လူဘယ်နှစ်ယောက် နှင့်ဖွဲ့စည်းထားတာပါလဲ ၊ ယခုနှစ်မှာရခိုင်ပြည်နယ်အနှံ့ကလှေဝါသနာရှင်များကို ဖိတ်ခေါ်ထားပါသလား သိချင်ပါတယ်ရှင့်။

ဖြေ။ သျှစ်သောင်းဘုရားပွဲတွင် လှေ ကတော့ ၁၂ လံ ၊ ၈ လံ နှင့် ၆ လံ တို့ပါဝင်ပါတယ်။ ၁၂ လံ လှေလှော်ပြိုင်ပွဲမှာဆိုရင် လှေလှော်သူကတော့ ၃၉ ဦး ၊ လှဲလှယ်နိုင်မည့်သူကတော့ ၁၁ ဦး၊ ကြီးကြပ်သူကတော့ ၁၀ ဦး၊ စုစုပေါင်း  ၆၀ ဦး နှင့် ဖွဲ့စည်း ထားပါ တယ်။ အယင်နှစ်ကတော့ ရခိုင်ပြည်နယ် အနှံ့မှ လှေဝါသနာရှင်များ ဝင်ရောက်ယဉ်ပြိုင်ကြပြီးတော့ စည် စည် ကားကားနှင့် ကျင်းပခဲ့ပါတယ်။ ယခုနှစ်မှာလည်း ရခိုင်ပြည်နယ်အနှံ့မှ လှေဝါသနာရှင်များကို ဖိတ် ခေါ် ထားပြီး ဖြစ်၍ အယင်နှစ်ထက် ပိုမိုစည်စည်ကားကား ဖြစ်အောင် ကြိုးစားပြီး လုပ်ဆောင် သွား မှာဖြစ် ပါ တယ်။


မေး။ ဆရာရဲ့ အမည်နဲ့ ဆရာကဒီမှာဘာတာဝန်ယူထားသလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ကျွန်တော်ရဲ့ အမည်က ဦးကျော်ဝင်းဖြစ်ပါတယ်၊ကရုဏာလှိုင်းသွေးလှူရှင်အသင်းမှာ နာယက အဖြစ် တာဝန်ထမ်းဆောင်နေပြီး မြို့မိ၊မြို့ဖ တစ်ဦးလည်းဖြစ်ပါတယ်။


မေး။ သျှစ်သောင်းဘုရားပွဲတော်၌ ရခိုင့်ရိုး ကျင်ပြိုင်ပွဲ ထည့်သွင်းထားတယ်လို့ သိရ ပါတယ်။ ထိုကျင်ပြိုင်တွင် ကျင်ကစားနည်းဘယ်နှစ်မျိုးရှိပါသလဲ၊ယခုနှစ်မှာပါ ရခိုင်ပြည်နယ်အနှံ့က ကျင်ဝါ သနာ ရှင်များကိုဖိတ်ခေါ်ထားပါသလား သိချင်ပါ တယ်ရှင့်။

ဖြေ။ ကျင်မှာကတော့ ကျင်ကိုင်နည်း ၃၇ မျိုး ၊ ကျင်ကွင်းနည်း ၁၀ နည်း ရှိပါတယ် ။ ကျင်မှာဆိုရင် ပထမ တန်း၊ဒုတိယတန်း၊တတိယတန်း၊ စတုတ္ထတန်း ရှိပြီး ယခင်နှစ်မှာကလည်း ရခိုင်ပြည်နယ်အနှံ့မှ ကျင် ဝါ သနာရှင်များ ဝင် ရောက် ယဉ် ပြိုင်ကြ၍ စည်စည်ကားကားနှင့် ကျင်းပခဲ့ပါတယ်။ ယခုနှစ်မှာ လည်း ရခိုင်ပြည်နယ်အနှံ့ မှ ကျင်ဝါသနာရှင်များကို ဖိတ်ခေါ်ထားပြီးဖြစ်၍ အယင်နှစ်ထက် စည်စည်ကား ကား နှင့် ကျင်းပ နိုင် အောင် လုပ်ဆောင်လျှက်ရှိပါတယ်။


မေး။ ဆရာ အနေနဲ့ ပြည်သူများကို ဘာများအသိပေး ပြောကြားချင်ပါသလဲရှင့်။

ဖြေ။ (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ထုက္ကန့်၊အံတော်သိမ်၊လေးမျက်နှာ ဘုရားများ၏ ဗုဒ္ဓပူဇနိယ ပွဲ တော်ကို မြန်မာနိုင်ငံတဝှမ်းမှ တိုင်းရင်းသားညီအကိုမောင်နှမ များအား  မေလ ၂ ရက်နေ့ မှ မေလ ၆ ရက်နေ့အထိ ကျင်းပမည့် ဘုရားပွဲ တော်သို့  လာရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါတယ်။


အခုလိုမျိုးအချိန်ပေးပြီးစိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင့်။

မေးမြန်းသူ - ခိုင်စန္ဒာထွန်း

ဓါတ်ပုံ - မြင့်စိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)