ရွှေကျင်မြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ



MNP ၊  ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က  မြို့နယ်စည်ပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဋ္ဌဦးလှမင်းသူက အမှာစကားပြောကြားရာ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ်ပိုမိုသက်ဝင်ယုံကြည်လာခြင်းမှာလည်း တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နွေရာသီအားကစားသင်တန်းများမှတစ်ဆင့်  မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ်သို့ ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းသား/ သင်တန်းသူများက သင်တန်းတစ်ခုချင်းအလိုက် သရုပ်ပြကစားကြသည်။


သင်တန်းများတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ Physical Fitness Dance (E.I.M)အက၊ အေရိုးဗစ်အားကစားနည်းများကို သက်ဆိုင်ရာနည်းပြများက လက်တွေ့လေ့ကျင့်သင်ကြားပို့ချခဲ့ပြီး သင်တန်းသားအားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဋ္ဌဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များအားပေးအပ်ခဲ့ပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းကာလမှာ  မတ်လ(၁၉)ရက်နေ့မှဧပြီလ(၅)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့‌ကြောင်း သိရသည်။


ထွန်းထွန်းဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)