ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေး Talk Show ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေး Talk Show ပြုလုပ်


MNP ၊  ဧပြီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေး Talk Show ဆွေးနွေးပွဲတွင်  မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးမော်က မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ခေတ်ကာလများမည်သို့ပင် ရွေ့လျားလာသော်လည်း မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများမှာ မှေးမှိန်သွားခြင်းမရှိကြောင်း၊ အဖိုးတန်အမွေအနစ်များကို လူငယ်များမှ မြတ်နိုးတန်ဖိုးထား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။


ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အေမီလှိုင်က လူငယ်များအနေဖြင့် ကိုးကွယ်ယုံကြည်မှု၊ ရိုးရာဓလေ့ထုံးစံ အတွေးအခေါ်စရိုက်များကို တန်ဖိုးထားလိုက်နာကျင့်သုံးရန်လိုအပ်ကြောင်း၊ မပျောက်မပျက်ကျန်ရှိနေသော ရှေးအစဉ်အလာ ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းမြှင့် တင်ဆောင်ရွက်ရန် လိုအပ်ကြောင်းကို ဆွေးနွေးခဲ့သည်။


ပုလောမြိုန့ယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် အတွက် အသိပညာပေး  Talk Show အစီအစဉ်များကို  Online မှတဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။


အေးအေးမော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)