မိုင်းဖုန်းဆရာတော် နမ့်ခမ်းမြို့ရှိ နမ့်တီးတောကျောင်းတွင် ထီးတော်တင်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖုန်းဆရာတော် နမ့်ခမ်းမြို့ရှိ နမ့်တီးတောကျောင်းတွင် ထီးတော်တင်ပွဲအခမ်းအနား တက်ရောက်




MNP ၊  ဧပြီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ နမ့်တီးတောကျောင်းရှိ အနိမိတ္တစေတီအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ထီးတော်တင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါထီးတော်တင်ပွဲသို့ မိုင်းဖုန်းဆရာတော် ကိုယ်တိုင်ကြွရောက်၍ ထီးတင်ပွဲ၏ အစီအစဉ်များကို တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ၊ ဆရာတော်၊ သံဃာတော်များဖြင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများကို တရားအနုမောဓနာများ ဟောကြားခဲ့ရာကြောင်းသိရသည်။                                       


ယင်းနောက် မိုင်းဖုန်းဆရာတော်သည် နမ့်ခမ်းမြို့လယ်ရှိ မဟာမုနိဘုရားကြီးအား ဝင်ရောက် ဖူးမျှော်ပြီး အသင့်စောင့်ဆိုင်းနေသော နမ့်ခမ်းမြို့သူ၊ မြို့သားများအား တရားရေအေး အမြိုက်ဆေးများ တိုက်ကျွေးခဲ့ပြီးနောက် မူဆယ်မြို့သို့ ဆက်လက်ကြွရောက်သွားကြောင်း သိရသည်။


မိုင်းဖုန်းဆရာတော် နမ့်ခမ်းမြို့မှ မူဆယ်မြို့သို့ ကြွရောက်ရာတွင် လမ်းဘေးဝဲယာရှိ ကျေးရွာများမှ ဒေသခံပြည်သူများက အိုးစည်ဗုံမောင်းများဖြင့် တီးမှုတ်ကြိုဆို ဖူးမျှော်ကန်တော့ကြကြောင်းကိုလည်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment