ဘုတ်ပြင်းမြို့ ကမာချောင်ကျေးရွာရှိ ဝိမုတ္တိသုခ ဆုတောင်းပြည့်စေတီတော် ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့်ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့ ကမာချောင်ကျေးရွာရှိ ဝိမုတ္တိသုခ ဆုတောင်းပြည့်စေတီတော် ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့်ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲကျင်းပ





MNP ၊  ဧပြီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ကမာချောင်းကျေးရွာအုပ်စု ကမာချောင်း ကမ်း‌ခြေရှိ မဟာအောင်မြေတွင် တည်ထားလျက်ရှိသော ဝိမုတ္တိသုခ ဆုတောင်းပြည့်စေတီတော်အား  စိန်ဖူးတော်၊ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လဆန်း(၁)ရက်နေ့ ၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ နံနက်က  တင်လှူပူဇော်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ စေတီတော်ဓမ္မာရုံတွင် အလှူတော်မင်္ဂလာအခမ်းအနားကို  ဘုတ်ပြင်းမြို့ မြို့နယ် သံဃနာယကအဖွဲ့ဝင် သီရိမင်္ဂလာတပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တဇဝနနှင့် သံဃာတော် အရှင်သူမြတ်များ၊ အလှူရှင်များနှင့်ဒါယိကာ၊ ဒါယိကာမများက အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များက ဘုတ်ပြင်းမြို့ မြို့နယ်သံဃနာယကအဖွဲ့ဝင် သီရိမင်္ဂလာတပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တဇဝနထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။


ဥပသကာများမှ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲတို့ကို ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဆက်ကပ်ခြင်း၊ ဆရာတော်အရှင်သူများမှ ပရိတ်တရာတော်များ ရွတ်ဖတ်သရဇ္စုာယ်ခြင်း၊ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲတို့ကို စေတီတော်ပရဝုဏ်တွင် ပက်ဖျန်းချည်နှောင်  ဆောင်ရွက်ခဲ့ကာ ဗိုလ်မှူးကြီး စိုးမင်းထက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အလှူရှင် ဦးအောင်ကျော်ကျော်ဦးတို့က ဦးဆောင်၍ စိန်ဖူးတော်နှင့် ရွှေထီးတော်နှင့်အား ပင့်ဆောင်ကာ စေတီတော်ကြီးအား လကျ်ာရစ် သုံးကြိမ် လှည့်လည်ပူဇော်ပြီး မင်္ဂလာအချိန်တွင် စေတီတော်အထွဋ်သို့ အစီအစဉ်အတိုင်းပင့်ဆောင်ကာ စိန်ဖူးတော်နှင့် ရွှေထီးတော်တို့အား စေတီတော်ကြီး၏ ပန်းလည်တိုင်တွင် တပ်ဆင်တင်လှူ၍  ဘုတ်ပြင်းမြို့ မာန်အောင်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိဿရမှ ဇယန္တောဗောဓိယာ မူလေအစရှိသော အောင်ဂါထာကို ရွတ်ဆိုပူဇော်ခြင်း ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ စေတီတော်အထွဋ်မှ ရတနာရွှေမိုး ငွေမိုး ရွာသွန်းဖြိုးပေးသည်။ ယင်းနောက် စေတီတော် အင်္ဂါထောင့်တွင် ဆရာတော်သံဃာတော်အရှင်သူမြတ်များက စေတီတော်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူကြသည်။


ဆက်လက်၍ စေတီတော်ဓမ္မာရုံတွင် ဒါယိကာ ဒါယိကာမတို့မှ ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်ခြင်း၊ ဘုတ်ပြင်းမြို့ မာန်အောင်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိဿရမှ အနုမောဓနာတရာဟောကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)