တောင်ငူမြို့ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်မြတ်ကြီး (၄၄၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ်(၂)ဆူအား လှည့်လည်ပူဇော်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်မြတ်ကြီး (၄၄၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ်(၂)ဆူအား လှည့်လည်ပူဇော်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊  ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ၁၃၈၅ ခုနှစ်၊ ဘုရားအနေကဇာတင်၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ (၄၅၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ်(၂)ဆူအား လှည့်လည်ပူဇော်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကရုံးခန်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင် (ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ)မှ ပွဲတော်ကျင်းပနိုင်ရေးအတွက် လမ်းညွှန်အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင် (ပွဲတော်ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး)မှပွဲတော်ကျင်းပရေး လုပ်ငန်းစီမံချက်များအား ဖတ်ကြား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပွဲတော်ကျင်းပရေးဆပ်ကော်မတီဝင် ဌာနဆိုင်ရာ အကြီးအကဲများမှ မိတ်ဆက်အမှာစကားပြောကြားပြီး ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေး တင်ပြကြသည်။ ဆက်လက်၍ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် အကြံပေး(၂)ဦးမှ မိတ်ဆက်စကားပြောကြားပြီး ပွဲတော်ကျင်းပရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးယဥ်ဌေး (ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပက)မှ ပွဲတော်ကျင်းပရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ပွဲတော်ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးကျော်ဝင်း (ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်)မှ ပွဲတော်ကျင်းပရေး ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် သုံးစွဲမှုအခြေ အနေအား ခန့်မှန်းဆွေးနွေးတင်ပြသည်။


ထို့နောက် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကြောင်းနှင့် တောင်ငူမြို့၏ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၁၃၈၅ ခုနှစ်၊ ဘုရားအနေကဇာတင်၊ ပဋ္ဌာန်းရွတ်ဖတ်ပူပွဲ၊ (၄၅၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ် (၂)ဆူအား လှည့်လည်ပူဇော်ပွဲကို ကဆုန်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)