မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီး၌ နယ်မြေခံတပ်ရင်း၊တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ် တပ်ဖွဲ့ဝင်များတို့ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီး၌ နယ်မြေခံတပ်ရင်း၊တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ် တပ်ဖွဲ့ဝင်များတို့ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်




MNP ၊  ဧပြီ ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ၌ (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ထုက္ကန်၊ အံတော်သိမ်၊ လေးမျက်နှာ ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပချိန်တွင် ပြည်တွင်း၊ပြည်ပ မှ ဘုရားဖူးဧည့်သည် များလာရောက် ချိန်တွင် အေးချမ်းစွာ လာရောက်ဘုရားဖူးနိုင်ရန်အတွက် ဘုရားဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာသို့  နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော် သား များ၊ မြန် မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ နှင့် ခရိုင်၊မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ယနေ့ နံနက် ၇ နာရီ အချိန်က သျှစ်သောင်းပုထိုးတော်ကြီး ရင်ပြင်အတွင်း နှင့် အနီးရှိခြုံနွယ် ပိတ်ပေါင်း များ၊ စွန့်ပစ် အမှိုက်များ၊ သစ်ပင်အကိုင်းအခက်များနှင့် ပလစ်စတိတ်အိတ် များကို ရှင်းလင်း ဆောင်ရွက် လျှက်ရှိ ကြောင်း သိရသည်။


ယခုအခါ ပွင့်လန်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူး ဧည့်သည် များ လာ ရောက်နေကြသောအချိန်ဖြစ်သည့်အတွက် ဘုရားဖူးဧည့်သည်များ အဆင်ပြေစေရန် အတွက်  ခြုံနွယ် ပိတ်ပေါင်းများ၊ စွန့်ပစ်အမှိုက်များ၊ သစ်ပင်အကိုင်းအခက်များ နှင့် ပလစ်စတိတ်အိတ်များကို ရှင်းလင်းဆောင်ရွက်လျှက်ရှိသည်။

အဆိုပါ သျှစ်သောင်းပုထိုးတော်ကြီး ရင်ပြင်နှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ် ပိတ်ပေါင်းများ၊ စွန့်ပစ် အမှိုက်များ၊ သစ်ပင်အကိုင်းအခက်များနှင့် ပလစ်စတိတ်အိတ်များရှင်းလင်းရာ နေရာသို့ နယ်မြေခံ တပ် မမှူး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်  နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် နှင့်အဖွဲ့ဝင်များ၊နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော် သား များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊  မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ တို့ ပူးပေါင်း၍ စု ပေါင်း ၍ စုပေါင်း သန့်ရှင်းရေးပြုလုပ်လျှက်ရှိကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment