တောင်ငူမြို့ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ စုပေါင်းအထူး သန့်ရှင်းရေးဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ စုပေါင်းအထူး သန့်ရှင်းရေးဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊  ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီ တော်မြတ်ကြီး စုပေါင်းအထူးသန့်ရှင်းရေးဆောင်ရွက်ရန်ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် (၁)၊ ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေမှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးမှ ဆွေးနွေး တင်ပြသည်။ ဆက်လက်၍ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်မှ သမိုင်းဝင်ရွှေဆံတော်ဘုရားကြီးတွင် စုပေါင်းအထူးသန့်ရှင်းရေးလုပ်ဆောင်ရာ၌ ဌာနဆိုင်ရာများ တာဝန်ခွဲဝေထားမှုများ၊စုရပ်နေရာများ၊ ယူဆောင်လာမည့်ပစ္စည်းများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင် ဦးယဥ်ဌေးနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ဆွေးနွေးတင်ပြကြသည်။


ထို့နောက် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါ အစည်းအဝေးသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်များမှ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၁၃၈၅ ခုနှစ်၊ ဘုရားအနေကဇာတင်၊ ပဋ္ဌာန်းရွတ်ဖတ်ပူပွဲ၊ (၄၅၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ် (၂)ဆူ အား လှည့်လည်ပူဇော်ပွဲကို ကဆုန်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သောကြောင့် (၂၂-၄-၂၀၂၃)ရက်နေ့တွင် တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ စုပေါင်းအထူးသန့်ရှင်းရေးကို အင်အား (၆၀၅)ဦးဖြင့်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)