ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျေးရွာဖွံဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရန် ကျေးရွာများရွေးချယ်ခြင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျေးရွာဖွံဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရန် ကျေးရွာများရွေးချယ်ခြင်းပြုလုပ်


MNP ၊  ဧပြီ ၂၂

ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရန်ကျေးရွာများ ရွေးချယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ ရွေးချယ်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးစန်းယုလှိုင် (လက်ထောက်ညွှန်ကြားရေးမှူး)က မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးမှုများအရ ဆောင်ရွက်သင့်သည့် ကျေးရွာများ၏ အခြေခံအချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး VDP ကျေးရွာရွေးချယ်နိုင်ရေးအတွက် သတ်မှတ်စံနှုန်းများနှင့် မြေပြင်အခြေအနေအရ ဆောင်ရွက်သင့်သည့် ဦးစားပေးကျေးရွာများ ရွေးချယ်ထားရှိမှုများကိုလည်း ဆွေးနွေးခဲ့သည်။ 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးမှ ကျေးရွာများရွေးချယ်မှုနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည်များ၊ ကျေးရွာများ လိုအပ်ချက်နှင့်အညီ ကိုက်ညီမှုရှိစေရန်နှင့် လျာထားကျေးရွာများနှင့် ပတ်သက်၍သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းကာ ရွေးချယ်ထားမှုများအပေါ် ဝိုင်းဝန်းဆွေးနွေး အတည်ပြုခဲ့ကြပါသည်။


ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  VDP  ကျေးရွာ(၄၆)ရွာနှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာ(၅၀) ရွာတို့အား ဆောင်ရွက်ထားရှိပြီးဖြစ်ကာ ယခုနှစ်တွင် VDP ကျေးရွာ(၇) ရွာနှင့် မြစိမ်းရောင်ကျေးရွာ (၁)ရွာတို့ ထပ်တိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment