တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ


MNP ၊  ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ လူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ် စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့် တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍  စာရေးဆရာမြသန်းတင့် ရေးသားသည့် ဘဝနေနည်းအနုပညာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။


အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင် က ခေါင်းဆောင်ခြင်းအနုပညာခေါင်းစဥ်ဖြင့် ဦးဆောင်းဆွေးနွေးရာတွင် ခေါင်းဆောင်ခြင်း အနုပညာဆိုသည်မှာ လူတွေဟာဘုံအလုပ်တစ်ခုကို စုပေါင်းလုပ်ကြတဲ့အခါ သူတို့ထဲက တစ်ယောက်က သူတို့အလုပ်တွေကို အမြဲတစေညွှန်ကြားကြီးကြပ်နေမှသာ အကျိုးရှိစွာ လုပ်နိုင်ပြီး မှန်ကန်စွာအောင်မြင်ပြီးမြောက်နိုင်ကြောင်း၊ ဦးစီးခေါင်းဆောင်မှုမရှိတဲ့ စုပေါင်း အလုပ်တိုင်းဟာ ဖရိုဖရဲ၊ကသောင်းကနင်းချက်ချင်းဖြစ်သွားနိုင်ကြောင်း၊ စစ်မြေပြင်မှာ စစ်သား တွေကိုအမိန့်ပေးတဲ့ တပ်မှူးတစ်ယောက်ရှိကြောင်းနှင့် သင်္ဘောကျင်း၊ စက်ရုံ၊ သတင်းစာတိုက်၊ တစ်နိုင်ငံလုံးမှာလည်း ဦးစီးခေါင်းဆောင်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် (Book Club)အဖွဲ့ဝင် ဦးလှိုင်မင်းသူမှ အိုခြင်းအနုပညာခေါင်းစဥ်ဖြင့်ဆွေးနွေးရာတွင် လူပေါင်းများစွာဟာ မနက်ဖြန်တွေကိုနှစ်ပေါင်းများစွာဖြတ်သန်းပြီး နုပျိုခြင်းကနေအိုမင်းခြင်းကို ကူးပြောင်းတာဟာ သိပ်နှေးကွေးတဲ့အတွက် ပြောင်းတဲ့ကာယကံရှင်မှာသိပ်မသိသာကြောင်း၊ နွေရာသီပြီးတော့ဆောင်းဦးပေါက်ရာသီရောက်တဲ့အတွက် ဒီအပြောင်းအလဲဟာ သိပ်နှေးကွေးတဲ့ အတွက် နေ့စဥ်သတိမပြုမိကြောင်း ဆွေးနွေးခဲ့သည်။


ထို့နောက် (Book Club) အဖွဲ့ဝင် ဒေါ်မူမူဝင်းမှ ချစ်ခြင်းအနုပညာခေါင်းစဥ်ဖြင့် ဆွေးနွေးကာ တက်ရောက်လာသော စာပေဝါသနာရှင်များမှ စာအုပ်ပါအကြောင်းအရာများဖြင့် ဆွေးနွေးပြီး အတွေးအမြင်အသိပညာဗဟုသုတများဖလှယ်ခဲ့ကြောင်း သိရသည်။


ဖြိုးသီဟ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)