MNP ၊ ဧပြီ ၆
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့်ကပြဖျော်ဖြေပြီး နိုင်ရန်အတွက် ဌာနဆိုင်ရာသင်္ကြန်ယိမ်းအဖွဲ့မှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အကတိုက်လေ့ကျင့်လျက်ရှိသည်။
ရသေ့တောင်မြို့၌ ၂၀၂၃ ခုနှစ်၊ ဧပြီလ၁၃ရက်တွင်ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် မြို့ မိ၊မြို့ဖများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ၊ ရခိုင်ရိုးရာ နံ့သာ သွေးပွဲ၊ သကြႅန်ယိမ်းအကများ၊သက်ကြီးပူဇော်ပွဲ တို့နှင့်မဟာ သင်္ကြန်ပွဲတော်ကို စည်း ကမ်းရှိရှိ နဲ့ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပ ပေးနိုင်ရန် အတွက် ကဏ္ဍအလိုက် ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment