MNP ၊ ဧပြီ ၅
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ မှ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအ ဝေး ခန်းမ၌ ယမန်နေ့လယ် ၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်မှ သင်္ကြန်ကာကလရုံးပိတ်ရက်များအတွင် ဌာနဆိုင်ရာများထွက်ခွာ မည်ဆို လျှင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုအကြောင်းကြားပြီးမှ သွားလာကြရန် နှင့် မြို့ပေါ်ရပ် ကွက် များတွင် သောက်သုံးရေများပြတ်လပ်မှုမရှိစေရန် လက်ဆည်ကန် မှ ရေများ (၃) ရက်တစ်ခါ ရပ်ကွက်အလိုက် ဖြန်ဝေပေးသွားဖြစ်ကြောင်း စသော အကြောင်းအရာများကို ပြောကြားခဲ့ သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင် မှလည်း NGO၊ INGO အဖွဲ့အစည်းများ သင်တန်းများဖွင့်လှစ်သင်ကြားမည်ဆိုလျှင် မြို့နယ်စီမံအုပ်ချုပ်ရေးအ ဖွဲ့ကို ကြိုတင်အကြောင်းကြားကြရန်၊ ကိုဗစ်ကာကွယ်ဆေးမထိုးနှံဘဲ ကျန်ရှိနေသော စာသင် ကျောင်း အလိုက် ကျောင်းသား၊ကျောင်းသူများကို ထိုးနှံကြရန် နှင့် မြို့ပေါ်ရပ်ကွက်ရှိ ဆီဆိုင် များ သို့ သက်ဆိုင်ရာဌာနများမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်း ဆင်း စစ်ဆေး ကြရန် စသည်တို့ကိုပြောကြားခဲ့ပြီးနောက် ခေတ္တခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အတွင်းရေးမှူး ဒုရဲမှူး ဇော်မျိုးလွင် မှလည်း သက် ဆိုင်ရာဌာနဆိုင်ရာများ မှ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း များ ကို ပြည်သူတို့ သိရှိနိုင် ရန်အတွက် အသိပညာပေးလုပ် ငန်းများ ဆက်လက် လုပ်ဆောင် ကြရန် တို့ကိုပြောကြား ခဲ့သည်။ ပြီးနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာန အ လိုက် လိုအပ်သည်များသည်များကို ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မှ ခရိုင် အ ဆင့်ဌာနဆိုင်ရာ များ ၏လုပ်ငန်းများအပေါ် ပေါင်းစပ် ညှိနှိုင်းခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment