ပျဉ်းမနားမြို့၊ နယ်မြေ ၁၂၊ မီးရထားလိုင်းခန်း၌ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့၊ နယ်မြေ ၁၂၊ မီးရထားလိုင်းခန်း၌ မီးလောင်မှုဖြစ်ပွား



MNP ၊  ဧပြီ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်အောင် ၂ ရပ်ကွက်၊ သခင်မြလမ်း၊ နယ်မြေ(၁၂)၊ မီးရထားလိုင်းခန်း ၌ ယနေ့နံနက် ၁၀ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့သည်။


မီးလောင်မှုဖြစ်ပွားရာသို့ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးထွန်းလင်းဦး၊ ပျဉ်းမနားခရိုင်ရဲမှူးဒုတိယရဲမှူးကြီးကျော်ကျော်ညွန့်၊ ပျဉ်းမနားမြို့နယ်တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး သက်ထွဋ်ဇော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ မြို့မစခန်းမှူး ဒုတိယရဲမှူး ကျော်သူရဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၃၀ ဦး၊ နေပြည်တော်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၃၁ ဦးတို့မှ  မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၆ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၁၆ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ ပျဉ်းမနားမြို့နယ်ဘူတာဝင်း မီးရထားဝန်ထမ်း နေအိမ်လိုင်းခန်းအတွင်းရှိ ကိုတေဇာလင်း၊ မီးရထားဂိတ်စောင့်ဝန်ထမ်း၊ သခင်မြလမ်း၊ နယ်မြေ(၁၂)၊ မီးရထားရပ်၊ ရန်အောင်(၂)ရပ်ကွက်၊ ပျဉ်းမနားမြို့နေသူ၏ လိုင်းခန်းအမှတ်(၁၂/၉)အခန်းအား သော့ပိတ်ပြီး အပြင်သွားစဉ် ဝါယာလျှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ဝန်ထမ်းလိုင်းခန်း  သွပ်မိုး/ပျဉ်ထောင်/ပျဉ်ခင်း (၆)ခန်းတွဲ(၂)ခန်း မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)