မြန်မာသက္ကရာဇ်(၁၃၈၄)ခုနှစ် မဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တစ်ပင်တိုင်အကပြိုင်ပွဲဖွင့်လှစ် ယိမ်းအဖွဲ့ ၂၇ ဖွဲ့၊ တစ်ပင်တိုင် ၁၁ ဖွဲ့ စုစုပေါင်းသင်္ကြန်ယိမ်းပျိုဖြူ ၅၀၈ ဦး ဝင်ရောက်ယှဉ်ပြိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာသက္ကရာဇ်(၁၃၈၄)ခုနှစ် မဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တစ်ပင်တိုင်အကပြိုင်ပွဲဖွင့်လှစ် ယိမ်းအဖွဲ့ ၂၇ ဖွဲ့၊ တစ်ပင်တိုင် ၁၁ ဖွဲ့ စုစုပေါင်းသင်္ကြန်ယိမ်းပျိုဖြူ ၅၀၈ ဦး ဝင်ရောက်ယှဉ်ပြိုင်





MNP ၊  ဧပြီ ၁၂

ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ယမန်နေ့ ညနေ ၅ နာရီခန့်က ယိမ်းအကနှင့်တစ်ပင်တိုင်အကပြိုင်ပွဲဖွင့်ပွဲကို အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်း၊  မြို့မအားကစားကွင်းရှိ ဗဟိုမဏ္ဍပ်၌ကျင်းပရာ ယိမ်းအဖွဲ့ ၂၇ ဖွဲ့၊ တစ်ပင်တိုင်အက ၁၁ ဖွဲ့ မှ စုစုပေါင်းသင်္ကြန်ယိမ်းပျိုဖြူ ၅၀၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲတွင် တေးသီးချင်းများကို ကိုယ်ပိုင်သံစဉ်နှင့်ကော်ပီသံစဉ်ပြိုင်ပွဲဟူ၍ နှစ်မျိုးခွဲကျင်းပပြီး တပင်တိုင်အက၊ ယိမ်းအကတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရမည်ဖြစ်ကာပြိုင်ပွဲကို ဧပြီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိကျင်းပသွားမည်ဖြစ်သည်။


ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်ရှိ သမီးပျိုလေးများ၊ ကိုယ်ပိုင်သံစဉ်ရေးစပ်သီကုံးသောဂီတစာဆိုများ၊ အဆိုရှင်များက သင်္ကြန်ယိမ်းအကအလှများ၊ တပင်တိုင်သင်္ကြန်အကများဖြင့် အပြိုင်အဆိုင်ပါဝင်ယှဉ်ပြိုင်သီဆိုဖျော်ဖြေတင်ဆက်ကြပြီး အကဲဖြတ်ဒိုင်များက အမှတ်ပေးရွေးချယ်၍ ဆုများကိုထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်သင်္ကြယိမ်းအဖွဲ့များ၊ တပင်တိုင်အကများက တက်တက်ကြွကြွဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကြပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲ၍ နှစ်သစ်တွင် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းတို့က မြန်မာ့ရိုးရာမဟာသင်္ကြန် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲအားစတင်ကျင်းပရာ ကိုယ်ပိုင်သံစဉ်ယိမ်းအဖွဲ့ ၅ ဖွဲ့၊ ကော်ပီသံစဉ်ယိမ်းအဖွဲ့ ၈ ဖွဲ့၊ တပင်တိုင်အက ၆ ဖွဲ့တို့က ပြိုင်ပွဲပထမညအနေဖြင့် သီဆိုကပြဖျော်ဖြေယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘားအံမြို့ပေါ် ရပ်ကွက်များနှင့်ပတ်ဝန်းကျင်ဒေသများမှ တိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်မိသားစုနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စေတနာရှင်/ဝါသနာရှင်များက ပြိုင်ပွဲဝင်သင်္ကြန်ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment