ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ဘုရားဖူးလာရောက် သူတစ်ရက်လျှင်လူဦးရေ ရှစ်သောင်းကျော်လာရောက်ဖူးမြှော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ဘုရားဖူးလာရောက် သူတစ်ရက်လျှင်လူဦးရေ ရှစ်သောင်းကျော်လာရောက်ဖူးမြှော်





MNP ၊  ဧပြီ ၁၂

ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်ကြရာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများတွင် သင်္ကြန်တွင်း ရုံးပိတ်ရက် ကာလအတွင်းဘုရားဖူးလာရောက်သူတစ်ရက်လျှင် ရှစ်သောင်းကျော်လာရောက် ဖူးမြှော်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံကသိရသည်။


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ဘုရားဖူး လာရောက်သည့်ဘုရားဖူးဧည့်သည်များ စိတ်အေးချမ်းသာစွာဖူးမြှော်နိုင်ရန် ဂေါပကအဖွဲ့ထား ရှိသည့် ဘုရား ၁၉ ဆူအနက် ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ လောကနန္ဒာဘုရား၊ ဗူးဘုရားနှင့် မဟာငှက်ပစ်တောင်ဘုရားတို့ကိုနံနက် ၄ နာရီခွဲမှ ည ၈နာရီအထိဖွင့်လှစ်ဖူးမြော်စေလျက်ရှိကြောင်း ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ် မြေတွင်မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများပြားလျက်ရှိပြီး ဂေါပက ဥက္ကဋ္ဌထားရှိသည့်ဘုရားများဖြစ်သော တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံဘုရား၊ ကျောက်ဂူ ဥမင်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ ရွှေဆံတော်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိ ဘုရား၊ ဓမ္မရာဇကဘုရား၊ ပြဿကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလိုဘုရား၊ မြစေတီ ဘုရားများတွင် ဘုရားဖူးများစည်းကားနေပြီး၊ သမိုင်းဝင်ဘုရားများဖြစ်သည့် နဂါးရုံဘုရား၊ စိုးမင်းကြီးဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ အပါယ်ရတနာဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ခေမင်္ဂဘုရားဝင်း၊ ရင်မနားဘုရားဝင်း၊ သိကြားပုန်းဘုရား၊ သိကြားဟစ် ဘုရား၊ တာမဏီသိမ်းကျောင်း၊ မင်းနန်းသူဘုရားသုံးဆူ၊ တရုတ်ပြေးဘုရားခေါ် နရသီဟပတေ့ဘုရား၊ သံမ္ဘူလဘုရား၊ သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော်ဘုရား၊ မျက်တော်ပြေဘုရား၊ အင်ကြင်းဂူဘုရား၊ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီးဘုရား၊ ဝတ္တနထောဘုရားဝင်း၊ ဆူးလေကုန်း ဘုရားစု၊ ရှင်အဇ္ဇဂေါနဘုရား၊ ဂူနီဘုရားခေါ်ကူးနီးဘုရား၊ ခြောက်ဘုရားလှဘုရားများတွင်လည်း မြန်မာပြည်ရပ်ရပ်မှဘုရားဖူးလာရောက်သူများက ရှေးဟောင်းနံရံဆေးရေးပန်းချီများ၊ ကနုတ် ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစားလေ့လာမှုများပြားလာခဲ့ကြောင်းသိရပြီး ယခုရက်ပိုင်းတွင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိကြောင်းသိရသည်။


ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းခရီးဖြင့်လာရောက်ကြခြင်း၊ ကိုယ်ပိုင်ကားများ၊ ခရီးသွားလုပ်ငန်းကားများဖြင့် လာရောက်ကြကာ သင်္ကြန်အကြိုကာလ အတွင်း ခရီးသွားဘုရားဖူးဧည့်သည်အဝင်များလျက်ရှိပြီး အီဗိုက်၊ မြင်းလှည်၊ တုတ်တုတ် (ခေါ်)မီနီအိုဝေများ၊ တိုးကားများအငှားလိုက်ရပြီးဝင်ငွေကောင်းနေကြကာ စားသောက်ဆိုင်များ လည်း ဘုရားဖူးများခြင်းကြောင့် ရောင်းအားကောင်းနေကြကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)