ရေတာရှည်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပမည်


MNP ၊  ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ အမှတ်(၁)ရပ်ကွက်ရှိ မင်္ဂလာကန်​တော်ကန်ပတ်လမ်းတွင် လမ်း​လျှောက်သင်္ကြန် ဖျော်ဖြေရေး/ရေကစားမဏ္ဍပ် ယိမ်းအကပြိုင်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဗဟိုမဏ္ဍပ်တွင် သင်္ကြန်တေးသီချင်းများ၊ ရိုးရာယဉ်ကျေးမှုအကများ၊ သင်္ကြန်ယိမ်းအကအလှယှဉ်ပြိုင်မှုများ၊ Stage Show ကဏ္ဍများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လာရောက်ဆင်နွှဲကြသော ပြည်သူများအား ဌာနဆိုင်ရာများနှင့် ​စေတနာရှင် အလှူရှင်များမှတစ်ရက်ချင်းအလိုက် အလှည့်ကျ ရွှေရင်​အေးး၊မုန့်လက်​ဆောင်း၊ မုန့်လုံးရေပေါ်၊ သာကူကြိုစတုဒိသာများဖြင့် နေ့စဉ်ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)