မိုင်းတုံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊  ဧပြီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြိုယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ည‌ နေပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။


 ပထမဦးစွာ မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့  မြို့နယ်ရုံးအဖွဲ့တွေ ကိုလုပ်ငန်းကိုယ်တာဝန်ကိုးဆောင်ရွက်သည့်အခါ တာဝန်အရမဟုတ်ပဲ လုပ်ငန်းအပေါ်စိတ်ပါဝင်စားစွာဖြင့်ထိရောက်မှုရှိ အောင်ဆောင်ရွက်စေလိုကြောင်း၊အခု ကိုဗစ်-၁၉ရောဂါက တစ်ဖန်ပြန်ပေါ်လာပြီးဖြစ်တဲ့အတွက် မိမိတို့ရဲ့ကျန်းမာရေးကို မိမိတို့ကိုယ်တိုင် စောင့်ရှောက်ကြဖို့လိုကြောင်း၊ကျွန်တော်တို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီအဖွဲ့ကလည်း ပြည်သူ့ထံအရောက် Mask‌ ဖြန့်ဝေခြင်း၊ အသိပညာ‌ပေးခြင်းလုပ်ငန်းမျာ းဆောင်ရွက်လျက်ရှိကြောင်း၊  မြို့သာယာလှပစေရေးကို ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းကာ အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကျေးစာရေးတွေကလည်း မိမိတို့လုပ်ရမည့်လုပ်ငန်းကို အချိန်နဲ့တပြေညီတင်နိုင်အောင် ဆောင်ရွက်ကြရန် အစရှိသည်တို့ကိုအမှာစကားပြောကြားခဲ့သည်။


ထို့နောက်မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ ဦးလွင်မိုးမှလည်း‌ကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီအရာရှိ ဦးအောင်အောင်ထွန်းကလည်းကောင်း၊ မြို့နယ်ကော်မရှင်မှ ဦးစီးအရာရှိကလည်း‌ကောင်း ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကိုအပြန်အလှန် ဆွေးနွေးခဲ့ကြ‌ကြောင်းသိရသည်။


ဝင်းဝင်းခိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)