MNP ၊ ဧပြီ ၂၁
မွန်ပြည်နယ်၊ပေါင်မြို့နယ် ပေါင်းရပ်ကွက်တွင် ယနေ့နံနက်ပိုင်း က ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေးများကို အခမဲ့ထိုးပေးလျက်ရှိကြောင်းသိရသည်။
ထို့သို့အခမဲ့ ဆေးထိုးပေးရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာသက်နိုင်က နွေရာသီပူပြင်းချိန်တွင်ခွေးများအား ကာကွယ်ဆေးများထိုးသင့်ကြောင်း ခွေးအပြင်လူတွေမှာလည်း ကြိုတင်ကာကွယ်သင့်ကြောင်းပြောကြားပြီးပေါင်းရပ်ကွက်အတွင်းရှိခွေးကောင်ရေ(၂၄)ကောင်အားအခမဲ့ ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။
ခွေးရူးပြန်ရောဂါသည် ခွေးရူးပြန်နေသော တိရစ္ဆာန်မှကိုက်ခြင်း၊ ၎င်း၏သွားရည်ထဲမှ ဗိုင်းရပ်စ်များ အနာထဲသို့ ဝင်ရောက်ခြင်းမှကူးစက်တတ်ကြောင်း၊ တိရစ္ဆာန်များကို ကိုယ်တွယ် ထိန်းကျောင်းကုသပေးသူများ၊ မွေးကင်းစကလေးငယ်များ၊ အသက်ကြီးသူများ၊ မွေးမြူရေး လုပ်ငန်းများမှ လုပ်သားများ၊ ခုခံအားနည်းသော ဝေဒနာရှင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် သာမန်လူများထက်ပို၍ ခွေးရူးရောဂါအပါအဝင် ခွေးနှင့်ကြောင်တို့မှ ကူးစက်သော ရောဂါများကို အထူးသတိပြုရန် လိုအပ်ပါကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြာရေးမှူးဒေါက်တာသက်နိုင်ကပြောကြားခဲ့ပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment