PDF အကြမ်းဖက်သမားများက သင်္ကန်းဝတ်ဆင်၍ ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည့် လုပ်ရပ်နှင့် ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများက သင်္ကန်းဝတ်ဆင်၍ ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည့် လုပ်ရပ်နှင့် ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်


 

PDF အကြမ်းဖက်သမားများက သင်္ကန်းဝတ်ဆင်၍ ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည့်

လုပ်ရပ်နှင့် ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်


ရက်စွဲ ။ ။ ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၁)ရက်


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ၌ လုံခြုံရေး တာဝန်ထမ်းဆောင် လျက်ရှိ သော လုံခြံရေးတပ်ဖွဲ့ဝင်များအား ၂၀-၄-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် သင်္ကန်းများ ဝတ်ဆင်၍ ရဟန်း သံဃာ အယောင်ဆောင်ထားသည့် PDF အကြမ်းဖက်သမားများက  လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်သော ရုပ်သံကို အကြမ်းဖက်သမားများကိုယ်တိုင် ထုတ်ဖော်ပြသထားသည်ကို တွေ့မြင်ရ သည်။ ထိုသို့သော လုပ်ရပ်သည် ကမ္ဘာ့အလယ်တွင် ဗုဒ္ဓဘာသာရဟန်းသံဃာတော်များကို အကြမ်းဖက် သမားများသဖွယ် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့သော ယုတ်မာအောက်တန်း ကျလွန်း သည့် လုပ်ရပ်ဖြစ်ပါသည်။

CRPH, NUG အကြမ်းဖက်အဖွဲ့များကို ဦးဆောင်သူများသည် ၎င်းတို့အာဏာရှိစဉ်ကတည်းကပင် ဗုဒ္ဓ ဘာသာ အပေါ် နည်းမျိုးစုံဖြင့် လုပ်ကြံဖန်တီး စော်ကားခဲ့ကြသည့် မှတ်တမ်းများ ရှိခဲ့ပါသည်။ CRPH, NUG အကြမ်းဖက်အဖွဲ့များကို နောက်ကွယ်မှ ပံ့ပိုးနေသော အမေရိကန်သံရုံးမှအစပြု၍ ဗုဒ္ဓပုံတော်တွင် Mask တပ်ဖော်ပြခြင်းမှ စ၍ ဗုဒ္ဓဦးခေါင်းတော်ပုံကို ထမီများဖြင့် ပုံဖော်ခြင်း၊ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေး သမားများနှင့် ပူးပေါင်း၍ အကြမ်းဖက်လှုံ့ဆော်မှုများ ဆောင်ရွက်နေသည့် ချစ်သုဝေ ၏ ဖခင်က ဗုဒ္ဓ၏ လက္ခဏာတော် ဥုံဏှလုံမွေရှင်တော်အား ဒေါ်အောင်ဆန်းစုကြည်၏ နှဖူးတွင် ထည့်သွင်း ရေးဆွဲခြင်း ကဲ့သို့ သော နည်းမျိုးစုံစွာဖြင့် စော်ကားမှုများ လုပ်ဆောင်ခဲ့ကြပြီးဖြစ်ပါသည်။ ၎င်းတို့ အာဏာလက်မဲ့ဖြစ်ပြီး နောက် ဆူပူဆန္ဒပြမှုများတွင်လည်း ဆရာတော်သံဃာတော်များ၏ ရုပ်ပုံများကို ထမီများတွင် ချိတ်ဆွဲ စော်ကားခဲ့ပြီး CRPH, NUG အကြမ်းဖက် အဖွဲ့များ၏ လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့ နှင့် EAO တချို့ က သံဃာတော်များကို ပစ်မှတ်ထား သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာ သံဃာတော် (၇၁)ပါး အထိ ပျံလွန် တော်မူခဲ့ရပြီး ဖြစ်ပါသည်။

ယခုအခါ CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့သည် သင်္ကန်းကို ရဟန်း သံဃာတော်များ အယောင်ဆောင်ကာ တိုက်ခိုက်မှုများ ပြုလုပ်လာသည်အထိ အောက်တန်းကျ သော လုပ်ရပ်များကို ကျူးလွန်လာသည်ဖြစ်ရာ ဗုဒ္ဓဘာသာ သာသနာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထားစော်ကားမှုများ လုပ်ဆောင်နေသော တိုင်းတပါးသြဇာခံ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ ယုတ်မာအောက်တန်းကျသော လုပ်ရပ်များအား ကျွန်ုပ်တို့ မြန်မာ နေရှင်နယ်ပို့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ ဗုဒ္ဓဘာသာဝင် ပြည်သူလူထု တစ်ရပ်လုံး ကလည်း တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်များ၏ ယုတ်မာအောက်တန်းကျသော လုပ်ရပ်များအား ဝိုင်းဝန်း ဆန့်ကျင်တိုက်ဖျက်ကြရန် အနူးအညွတ် တိုက်တွန်းသည်။


Myanmar National Post


No comments:

Post a Comment