ဖမ်းဆီးရမိ အကြမ်းဖက်သမားများ နှင့် အကြမ်းဖက်လှုံ့ဆော်သူများ ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖမ်းဆီးရမိ အကြမ်းဖက်သမားများ နှင့် အကြမ်းဖက်လှုံ့ဆော်သူများ ပြစ်ဒဏ်အသီးသီးချမှတ်



MNP ၊ ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် CRPH, NUG တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများသည် အကြမ်းဖက်လှုပ်ရှားမှုများ၊ အကြမ်းဖက်လှုံ့ဆော်မှုများ လုပ်ဆောင်လျက်ရှိရာ သက်ဆိုင်ရာမြို့နယ်များတွင် ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများကို ၃-၄-၂၀၂၃ ရက်နေ့ က ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ အက်တောရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေမည့် စာသားများအား ရေးသားဖြန့်ဝေလျက်ရှိသူ တရားခံ သီတာတင်(ခ) သီတာဦး၊ တရားခံ ဇာဇာနှင်းတို့အား  ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အရ အလုပ်နှင့်ထောင်ဒဏ် (၂) နှစ် အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။


ဘုတလင်မြို့နယ်၊ ယုန်လေးကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများထံသို့ ဝင်ရောက်ကာ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူ တရားခံ အောင်ဖြိုးဟိန်းအား အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


စစ်ကိုင်းမြို့နယ်၊ ဇီးချောင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး လူသတ်မှု ကျူးလွန်ခဲ့သူ တရားခံ ဝေမင်းထွန်း(ခ)ကျော်မင်းထွန်းအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၉)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ချောင်းဦးမြို့၊ မြိုမရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အဖွဲ့အစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ သန်းဝင်း(ခ)ဦးကောင်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


အရာတော်မြို့နယ်၊ အောင်သာကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ခဲ့သူ တရားခံ ဖိုးဇော်(ခ)မိုးဇော်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊ 

အရာတော်မြို့နယ်၊ ဝါးရောင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ခဲ့သူ တရားခံ ဇင်မောင်ထိုက်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊

အရာတော်မြို့နယ်၊ ကမ်းပြူကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများနှင့် ပတ်သက် ဆက်နွယ်လျက် ရှိသူ တရားခံ ရဲရင့်ဇော်(ခ)ကျောက်ခဲ(ခ)ခွန်ရှိင်း(ခ)ခွန်ရှစ်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊

အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများအား သတင်းပေးပိုမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသူ တရားခံ အောင်ကျော်သူ(ခ)ကျော်သူအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ဒီပဲယင်းမြို့နယ်၊ အင်ပင်(ကုန်းတဲ)ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများနှင့် ပတ်သက်ကာ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသူ တရားခံ သီဟထွန်း(ခ)ချစ်ထောအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


၄-၄-၂၀၂၃ ရက်နေ့က  မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများအား ငွေကြေးများ ထောက်ပံ့ပေးလျက်ရှိသူ တရားခံ  အောင်ကျော်စိုးဝင်း(ခ)အောင်ကျော်စိုးအား အကြမ်းဖက်ဥပဒေပုဒ်မ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲအစည်းများအား ငွေကြေးများ ထောက်ပံ့ပေးလျက်ရှိသူ တရားခံ  သန့်ဇင်မောင် အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊

မုံရွာမြို့၊ သလ္လာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ဝေလျက်ရှိသူ တရားခံ ကျော်ဟန်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ကသာမြို့နယ်တွင် ၄-၄-၂၀၂၃ ရက်နေ့ ကသာမြို့၊ ပတ္တမြားရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့စည်းများအား ငွေးကြေးများအား ထောက်ပံ့ပေးလျက်ရှိသူ တရားခံ သန့်ဇင်၊ တရားခံ တင်ထွန်းဦး(ခ)ဆရာကျောင်း၊  တရားခံ မြတ်ကိုကျော် တို့အားအကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)၊ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။


ဝက်လက်မြို့နယ်တွင် ၄-၄-၂၀၂၃ ရက်နေ့က ဝက်လက်မြို့နယ်၊ ဦထန်းကြီး(တ)ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများအား အားပေးထောက်ခံမှုများ ပြုလုပ်လျက်ရှိသူ တရားခံ ဇော်မင်းဦး၊ တရားခံ ညီလင်းထက်(ခ)ငထက် တို့အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။


ဗန်းမောက်မြို့နယ်တွင် ၄-၄-၂၀၂၃ ရက်နေ့က ဗန်းမောက်မြို့၊ မြို့မရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သူ တရားခံ ကျော်မင်းခိုင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


အလားတူ ဆားလင်းကြီးမြို့နယ်တွင် ၄-၄-၂၀၂၃ ရက်နေ့ က ဆားလင်းကြီးမြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော အဖွဲအစည်းများနှင့် ပတ်သက်ဆက်နွယ်သူ တရားခံ မျိုးမင်းခန့်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


မြိုင်မြို့နယ်တွင် ၄-၄-၂၀၂၃ ရက်နေ့က မြိုင်မြို့နယ်၊ သနပ်ရင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့ သူတရားခံ အောင်ကိုနိုင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ရွှေဘိုမြို့နယ်တွင် ၄-၄-၂၀၂၃ ရက်နေ့ က ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အများပြည်သူများ ထိတ်လန့်စေရန် မဟုတ်မမှန်သတင်းများအား ဖြန့်ဝေလျက်ရှိသူ တရားခံ ဇင်မွန်မွန်ဖြိုး၊ တရားခံ ဘုန်းမြင့်သော်(ခ)မောင်ဘုန်း၊ တရားခံ ဇင်မာမိုး(ခ)မိုးစက် တို့အား  ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)