သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံ အမျိုးသားပြတိုက် (ရန်ကုန်)နှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ ဌာနဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံ အမျိုးသားပြတိုက် (ရန်ကုန်)နှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ ဌာနဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး





MNP ၊ ဧပြီ ၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားပြတိုက် (ရန်ကုန်) အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းပြသမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ပထမထပ် မြန်မာ့မြို့ပြယဉ်ကျေးမှု ပြခန်းတွင် ပြသထားသည့်  မြကန်ရေပေးဝေမှု စနစ်ပြမြေပုံ ရေးဆွဲထားသည့် ပုံစံငယ်အား ကြည့်ရှုစစ်ဆေးပြီး ရေသွားလမ်းကြောင်းတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းသည့် ရေလမ်းကြောင်းအား မီးပြစနစ်ဖြင့် မြင်သာအောင်ပြသရန်၊  မြကန်ရေပေးဝေမှု စနစ်ပြမြေပုံအား ရေပေးဝေမှုရှင်းလင်းချက်စာသားဖြင့် ပြသရန်နှင့် မင်းခမ်း တော်ပစ္စည်းများပြခန်းအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့သည် မွန်းလွဲ ၂ နာရီတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)သို့ ရောက်ရှိရာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ညီလာခံ ခန်းမတွင်အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးမှ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ယင်းနောက် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ရှိ စာဖတ်ခန်းများ/ စာအုပ်စင်ခန်းများ၊ ပေ၊ ပုရပိုက်နှင့် ရှားပါးစာပေပစ္စည်းများထားရှိရာ အခန်းများနှင့် ကလေးစာကြည့်တိုက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)