မလှိုင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကျင်းပ


MNP ၊  ဧပြီ ၂၂

မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉) နာရီခွဲအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ခွင့်ပြုချက်ရရှိပါက အလျင်မြန် အကောင်အထည်ဖော်နိုင်ရေးအတွက် ယခုကဲ့သို့ ကျင်းပရခြင်းဖြစ်ကြောင်း၊ အဆိုပါရန်ပုံငွေမှ စီမံကိန်း ကျေးရွာများ ရွေးချယ်ရာတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုတက်ရန် အလားအလာရှိခြင်း၊ တရားဥပဒေစိုးမိုးမှုရှိခြင်း၊ ကျေးရွာသူ/ကျေးရွာသားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ် အေးချမ်းမှုရှိခြင်း၊ အခြားဦးစီးဌာနများမှလုပ်ဆောင်နေသော မြစိမ်းရောင်စီမံကိန်းများနှင့် ထပ်နေမှုမရှိခြင်း စသည့်အချက်များပေါ်အခြေခံ၍ မိမိတို့မြို့နယ်ကော်မတီမှ ပွင့်လင်းမြင်သာစွာ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊  ချေးငွေသက်တမ်းကာလသည် မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားအလိုက် (၁)နှစ်၊ (၃)နှစ် ခွဲခြားထားကြောင်း၊ အတိုးနှုန်းအနေဖြင့် ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား(၅၀)နှုန်းမှ တစ်ကျပ်ပြား(၅၀)နှုန်းအတွင်း သတ်မှတ်ထားရှိပြီး ခြောက်လလျှင်(၁)ကြိမ် ကောက်ခံသွားမည်ဖြစ်ကြောင်း ပါဝါပွိုင့်ဖြင့် အသေးစိတ်ချပြရှင်းလင်းခဲ့သည်။


ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့မှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေး ဦးစိုးမင်းထက်က ပြန်လည်ဖြေကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ (၁၄၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်ဌေး


 https://t.me/MyanmarNationalPost




No comments:

Post a Comment