တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများတွင်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုလိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများတွင်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုလိုက်လံစစ်ဆေး






MNP ၊  ဧပြီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့် တပ်ဖွဲ့ဝင်များသည်  မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးရေးနှင့် မီးသတိမူစေရေးအတွက်  ယမန်နေ့နံနက် ၁၀နာရီမှစ၍ မြို့နယ်အတွင်းရှိဌာနဆိုင် ရာရုံးများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကို လိုက်လံစစ်ဆေးပေးကြောင်း သိရသည်။


ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တရာရုံး၊ ဥပဒေရုံး၊ စိုက်ပျိုးရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်အတွင်း တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဌာနဆိုင်ရာရုံးအဆောကအဦနှင့် ရုံးအသုံးအဆောင်ပစ္စည်းများ မီးဘေးအန္တရာ ယ်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဗူးနှင့် မီးချိပ်၊ မီးကတ်၊ သဲပုံး၊ရေပုံးများကြိုတင် ပြင်ဆင်ထားရှိမှုနှင့် ဟောင်းနွမ်းပျကစီးနေ သောလျှပ်စစ်မိန်းခုံများနှင့် မီးပလပ်ခုံများ၊ လျှပ်စစ်အန္တရာယ်ဝါယာ ရှော့ဖြစ်စေနိုင်ပြီး ပေါက်ပြဲနေသော ဝါယာကြိုးများရှိ/မရှိတို့ကို စစ်ဆေးကြပြီးလိုအပ်သည်များ ပြင်ဆင်/ လဲ လှယ်တပ်ဆင်နိုင်ရန် အကြံပြုပေးခဲ့ကြောင်း အခြားဌာနဆိုင်ရာများကိုလည်း ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment