ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP ၊  ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ သင်တန်းအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယဉ်ကျေးလိမ္မာသင်တန်းအား ဝိုင်အမ်ဘီအေအသင်းကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆရာ၊ဆရာမများက သင်ကြားပို့ချပေးမှာဖြစ်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ကာလတွင် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားနှင့်ပတ်သက်သည့် သင်တန်းများအား မြို့နယ်အနှံ့အပြား၌ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ယဉ်ကျေးလိမ္မာသင်တန်းများ အပါအဝင် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲများ ဖြေဆိုနိုင်ရန်နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အကြားအလပ်မရှိ  နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ဖွင့်လှစ်ခြင်းလည်း ဖြစ်ပါကြောင်း၊ သင်ကြားပို့ချမည့် သင်ခန်းစာများသည် (၃၈)ဖြာမင်္ဂလာတရားတော်အား အခြေခံ၍ ပြည်သူ့နိတိနှင့် ရုပ်စုံဗုဒ္ဓဘာသာများအား သင်ကြားသွားမှာဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားသည့်ဘာသာရပ်များအား အားကြိုးမာန်တက်လေ့လာမှတ်သား ဆောင်ရွက်ရန်လိုပါကြောင်းနှင့် အကျိုးရှိသည့်သင်တန်း တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ယဉ်ကျေးလိမ္မာသင်တန်းအား တက်ရောက်ကြသည့် သင်တန်းသား၊သင်တန်းသူများအနေဖြင့် ဗုဒ္ဓဘာသာအား ပို၍ သက်ဝင်ယုံကြည်ပြီး မတက်ရောက်နိုင်သည့် သူငယ်ချင်းများအား မျှဝေပေးရန်လိုပါကြောင်း”အမှာစကားပြောကြားသည်။


ဆက်လက်၍ ယဉ်ကျေးလိမ္မာသင်တန်း သင်ကြားမှုကြီးကြပ်ရေးတာဝန်ခံအဖွဲ့ တိုင်းဒေသကြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းဥက္ကဋ္ဌက သင်ကြားရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယဉ်ကျေးလိမ္မာသင်တန်းအတွက် ဗုဒ္ဓဝင်ရုပ်စုံစာအုပ်ရေ(၂၀၀)နှင့် ပြည်သူ့နိတိစာအုပ်ရေ (၂၀၀)တို့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသော ဗလာစာအုပ်များနှင့် စာရေးကရိယာများ ယဉ်ကျေးလိမ္မာသင်တန်း သင်ကြားမှု ကြီးကြပ်ရေးတာဝန်ခံအဖွဲ့ တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း ဥက္ကဋ္ဌထံသို့လည်းကောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဗဟိုအဖွဲ့က လှူဒါန်းသော (၃၈)ဖြာမင်္ဂလာ ဗုဒ္ဓဝင်ဘုရားရှိခိုးစာအုပ်ရေ(၂၀၀)အား လူမှုရေးရာဝန်ကြီးက တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း အတွင်းရေးမှူးထံသို့လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သင်တန်းသား၊ သင်တန်းသူများက ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲအား “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


 အဆိုပါသင်တန်းအား ယခုလ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ( ၁၉၂ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)