တောင်တွင်းကြီးမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ပျက်စီး




MNP ၊  ဧပြီ ၂၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သစ်ရာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာတွင် ယမန်နေ့ညနေ ၆ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်ခဲ့ကြောင်း သိရသည်။


အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ရာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ အမှတ်(၁၄၂) (အ-မ-က) ကျောင်း (၉) ပေသွပ် (၆၀) ချပ် အမိုးလန်ခဲ့ပြီး ပျဉ် (၃×၂) ၁၂ ချောင်း၊ မျက်နှာကြက် (၆)ခန်း၊ ဝှိုက်ဘုတ် (၁)ချပ် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးကျပ် ၁၀၀၀၀၀၀/- (ကျပ်တစ်ဆယ်သိန်း)ခန့် ဖြစ်ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါကျေးရွာတွင် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)