ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ တနင်္ဂနွေနေ့ညပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ တနင်္ဂနွေနေ့ညပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဧပြီ ၂၁


ပရီးမီးယားလိပ်ပွဲစဉ် ၃၂အဖြစ် တနင်္ဂနွေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၇:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ပွဲ ယှဉ်ပြိုင်ကစားဖို ရှိနေတာ ဖြစ်ပါတယ်။


ဘုန်းမောက် - ဝက်စ်ဟမ်း (ယနေ့ည ရး၃၀)

ဘုန်းမောက်အသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ဟာ ဘုန်းမောက်အိမ်ကွင်း ဗစ်တာလတီမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဝက်စ်ဟမ်အသင်းက နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ (၄)မှာ (၇)အထိ ရရှိခဲ့ပြီး အိမ်ရှင်ဘုန်မောက်အသင်းကလည်း ရလဒ်ပိုင်းကောင်းမွန်လာကြောင့် တန်းဆင်းဇုံရုန်းအား မြင်တွေနိုင်ပြီး နှစ်သင်းလုံး အမှတ်ခွဲသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် ဘုန်းမောက် ၁ - ၁ ဝက်ဟမ်းစ်)


နယူးကာဆယ် - စပါး (ယနေ့ည ရး၃၀)

နယူးကာဆယ်အသင်းနှင့် တော်တင်ဟမ်ဟော့စပါးအသင်းတို့ဟာ နယူးကာဆယ်အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။စပါးအသင်းက လုံးဝယုံကြည်လို့ မရတဲ့ အသင်းတစ်သင်းပါပဲ။နယူးကာဆယ်အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာမဆုံးရှုံးဖို့ ဒီနေ့ပွဲကို သတိထားကစားလာလိမ့်မယ်။နယူးကာဆယ်သာ စပါးကို အနိုင်ကစားနိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့် အတော်လေးအခြေအနေကောင်းတဲ့ အနေအထားကို ရောက်သွားပြီ။စပါးရဲ့နောက်ပိုင်းပွဲစဉ်တွေက မန်ယူ၊လီဗာပူးလ်တို့နဲ့ ကစားရမှာ ဖြစ်ပြီး ဒီနေ့ပွဲမှာသာ ကာဆယ်တို့ အနိုင်ယူနိုင်ပါက ချန်ပီယံလိဂ်ဝင်ပြီလို့ ပြောနိုင်ပြီ။စပါးအသင်းရဲ့ တိုက်စစ်ကိုသာ ကာဆယ်ခံစစ်က ထိန်းချုပ်နိုင်ရင် ဒီပွဲဟာ အိမ်ရှင်နယူးကာဆယ်နိုင်ဖို့များတယ်။(ခန့်မှန်းရလဒ် နယူးကာဆယ် ၂ - ၀ စပါး)


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)