လာလီဂါပွဲစဉ် ၃၀ တနင်္ဂနွေနေ့ညပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လာလီဂါပွဲစဉ် ၃၀ တနင်္ဂနွေနေ့ညပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဧပြီ ၂၃


စပိန်လာလီဂါပွဲစဉ် ၃၀အဖြစ် သောကြာနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၆:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ဒီနေ့ညမှာတော့ ပွဲကြီးပွဲကောင်းအဖြစ် ဘာစီလိုနာအသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။


အယ်လ်ချီ - ဗလင်စီယာ (ယနေ့ည ၆:၃၀)


အယ်လ်ချီအသင်းနှင့် ဗလင်စီယာအသင်းတို့ဟာ အယ်လ်ချီအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။အယ်လ်ချီအသင်းကတော့ တန်းဆင်းရဖို့ အခြေအနေများ နေပါတယ်။ဒါကြောင့် အရင်ထက်ပို့ပြီး တိုက်စစ်ဆင်ကစားတာမျိုးတွေလုပ်လာနိုင်ပြီး အဝေးကွင်း စွမ်းဆောင်ရည်ညံ့ဖျင်းတဲ့ ဗလင်စီယာ အသင်းအတွက် ခက်ခဲပါလိမ့်မယ်။ဂိုးနည်းနည်းဖြင့် အယ်လ်ချီအသင်းအနိုင်ရသွားပါလိမ့်မယ်။


ဘာစီလိုနာ - အက်သလက်တီကို (ယနေ့ည ၈:၄၅)


ဘာစီလိုနာအသင်းနှင့် အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ဘာစီလိုနာအိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်ဖရန်ကီဒီဂျောင် မပါဝင်နိုင်တဲ့ ဘာစီလိုနာကွင်းလယ်ဟာ ရီးရဲလ်နှင့် စပိန်ဘုရင့်ဖလားဆီးမီဖိုင်နယ်(ဒုကျော့)ပွဲစဉ်ကစလို့ ဘာစီလိုနာဟာ နိုင်ပွဲတွေပျောက်ဆုံးနေခဲ့ပြီး ၃ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ဘာစီလိုနာဟာ နောက်ဆုံး (၃)ပွဲမှာ နည်းပြဖြစ်သူ ဇာဗီအနေနဲ့ ကွင်းလယ်ပိုင်းကို ပုံစံမျိုးစုံနဲ့ ပြောင်းလဲကစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ တိုက်စစ်မှူး လီဝန်ဒေါစကီး ကပါ ဂိုးပေါက်ပျောက်နေတာကြောင့် ဘာစီလိုနာတို့ သွင်းဂိုးရဖို့ပါ ရုန်းကန်လာရတာတွေ့ရပါတယ်။ ဒီလိုပုံစံမျိုးနဲ့ အက်သလက်တီကို ခံစစ်ကို ထိုးဖောက်ဖို့ ခက်ခဲမှာပါ။ အက်သလက်တီကိုအနေနဲ့ ရလဒ် ကောင်းတွေဆက်တိုက်ရယူနေပြီး လာလီဂါနောက်ဆုံး (၆)ပွဲ ဆက်အနိုင်ရရှိထားပြီး (၁၃)ပွဲဆက်ရှုံးပွဲမရှိ စွမ်းဆောင်ထားပြီး အဆင့် (၂)နေရာပါ မျှော်လင့်နိုင်တဲ့အထိဖြစ် လာခဲ့ပါပြီ။ ဂိုးနည်းပြီး သရေရလဒ်သာ ထွက်ပေါ်ပါလိမ့်မယ်။


မာယော့ကာ - ဂီတာဖေး (ယနေ့ည ၁၁:၀၀)


မာယော့ကာအသင်းအသင်းနှင့် ဂီတာဖေးအသင်းတို့ဟာ မာယော့ကာအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ခံစစ်အားသန်အသင်းနှစ်သင်းရဲ့ပွဲက တစ်သင်းနဲ့တစ်သင်းထိန်းပြီး ကစားနေရင်းအချိန်ကုန်သွာမယ့် ပွဲမျိုးပါ။ဂီတာဖေးအသင်းရဲ့ အဝေးကွင်းခံစစ် ကစားပုံကို မာယော့ကာအသင်းနဲ့တိုက်စစ်ဂိုးသွင်းနိုင်တာနဲ့ အနိုင်ရမယ့် အခြေအနေမျိုးဖြစ်ပေမယ့် သရေတစ်မှတ်စီခွဲယူသွား့ဖို့ကများပြီး ဂိုးနည်းမယ့် ပွဲပါ။ 


ဆီဗီလာ - ဗီလာရီးယဲလ် (ယနေ့ည ၁:၃၀)


ဆီဗီလာအသင်းနှင့် ဗီလာရီးရဲလ်အသင်းတို့ ဆီဗီလာအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဆီဗီလာအသင်းဟာ နည်းပြသစ် မန်ဒီလီဘာလက်ထက်မှာ ရှုံးပွဲမရှိ သေးပါဘူး။အသင်းကစားပုံပိုမိုတည်ငြိမ်လာပြီး တိုက်စစ်ကလည်း ဂိုးတွေရအောင်ကစားနိုင်လာပေမယ့် ဆီဗီလာအတွက် တွေးစရာ ဖြစ်တာက ယူရိုပါလိဂ်ကွာတားဖိုင်နယ် (ဒုကျော့)အဆုံးအဖြတ်  ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ရလို့ မှာ ပွဲပန်းနေနိုင်သလို ဗီလာရီးရဲလ်အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ရှိနေသေးတာကြောင့် အခုပွဲကိုအားစိုက်ကစားလာဦးမှာပါ၊ လက်ရှိခြေစွမ်းအရတော့ အိမ်ရှင်ဆီဗီလာဘဲ ဂိုးပြတ်နိုင်ဖို့များပါတယ်။


မြန်မာနေရှင်နယ်ပို့စ်






No comments:

Post a Comment