MNP ၊ ဧပြီ ၇
သင်္ကြန်ပွဲတော်နီးကပ်လာသည်နှင့်အမျှငပလီကမ်းခြေတွင် လာရောက်လည်ပတ်ကြသည့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များယခင်နှစ်ထက်များပြားသည်ဟုသိရသည်။
လက်ရှိတွင် ငပလီကမ်းခြေတွင် ပြည်တွင်းပြည်ပခရီးသွားများ ဖြင့်အထူးစည်ကားလျက်ရှိပြီး ကမ်းခြေရှိ ဟိုတယ်နှင့်တည်းခိုခန်းအများစုမှာလည်း သင်္ကြန်ကာလအတွင်း အခန်းဘိုကင်များပြည့်နေပြီဖြစ် သည်ဟု ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
“ ဟိုတယ်အကုန်လုံးက ဘိုကင်တွေပြည့်နေပြီ။တည်းခိုခန်းတွေလည်းဘိုကင်တွေပြည့်နေပြီဆိုတော့ ယခင်နှစ်သင်္ကြန်ကာလထက် ခရီးသည်များမှာသေချာတယ်” ၎င်းကဆိုသည်။
လက်ရှိတွင် လာရောက်လည်ပတ်ကြသူအများစုမှာ ပြည်တွင်းခရီးသွားများဖြစ်ကြောင်း ၊ ဧည့်သည် ဝင်ရောက်မှုများသဖြင့် ငပလီကမ်းခြေတွင်အထူးစည်ကားလျက်ရှိပြီး ကမ်းခြေတွင် ဈေးရောင်းသူများလည်း အဆင်ပြေကြောင်း ငပလီအမှတ်တရပစ္စည်းများရောင်းချသူတစ်ဦးကပြောသည်။
ယခုနှစ်တွင် ငပလီမြို့တွင် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ရာ ခရီးသွား များဖြင့်အထူးစည်ကားမည်ဖြစ်ပြီး ရက်ရှည်ရုံးပိတ်ရက်ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ် မှလာရောက် အနားယူ ကြမည့်ဝန်ထမ်းများဖြင့်လည်း ပိုမိုများပြားနိုင်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment