MNP ၊ ဧပြီ ၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူလေးများ အနေဖြင့် ဗဟုသုများပိုမိုရရှိစေရန်၊ ဉာဏ်ရည်များ ပိုမိုထက်မြတ်လာစေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက်လာစေရန် ကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်သို့ လာရောက်၍ သုတ/ရသ စာအုပ်များကို ငှားရမ်းဖတ်ရှုသင့်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပခဲ့ရာ ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲတွင် မမိုးမြင့်ဟေမာန်ခင် ဦးဆောင်သောအဖွဲ့မှ (ပထမဆု)ကိုလည်းကောင်း၊ မောင်စိုးလင်းအောင် ဦးဆောင်သောအဖွဲ့မှ (ဒုတိယဆု)ကိုလည်းကောင်း၊ ပူစီပေါင်းဖောက်ပြိုင်ပွဲတွင် မောင်လင်းတိုးနိုင်မှ (ပထမဆု)ကို လည်းကောင်း၊ မောင်ကောင်းသက်စံမှ (ဒုတိယဆု)ကိုလည်းကောင်း၊ အပ်နှာဖားထိုးပြိုင်ပွဲတွင် မပီတိချိုနှင့် မမေဇင်သင်းတို့အတွဲမှ (ပထမဆု)ကိုလည်းကောင်း၊ မောင်အောင်ရဲလင်းနှင့် မောင်လင်းတိုးနိုင်တို့အတွဲမှ (ဒုတိယဆု)ကိုလည်းကောင်း၊ မုန့်ကိုက်ပြိုင်ပွဲတွင် မောင်ကောင်းသက်စံနှင့် မောင်အောင်ရဲလင်းတို့အတွဲမှ (ပထမဆု)ကိုလည်းကောင်း၊ မပီတိချိုနှင့်မမေဇင်သင်းတို့အတွဲမှ (ဒုတိယဆု)ကိုလည်းကောင်း အသီးသီးရရှိ ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးမှ ဆုရရှိခဲ့ကြသော ကျောင်းသား/သူများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment