ပုဏ္ဏားကျွန်းမြို့၌ ရှေးရခိုင်ဘုရင်မင်းမြတ်နန်းတက် မဟာကျိန်သစ္စာရှင်ဘုရား ဒေသစာရီကြွချီလှည့်လည်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ရှေးရခိုင်ဘုရင်မင်းမြတ်နန်းတက် မဟာကျိန်သစ္စာရှင်ဘုရား ဒေသစာရီကြွချီလှည့်လည်ပူဇော်




MNP ၊  ဧပြီ ၇

      ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ပညာပါရမီပရိယတ္တိစာသင်တိုက်၌ ကိမ်းဝပ်စံပယ် လျက်ရှိသော ရှေးရခိုင်ဘုရင်မင်းမြတ်နန်းတက်စဉ်က အဘိသေကမင်္ဂလာပွဲမှာသစ္စာအဓိဌာန်ပြု ပူဇော်ခဲ့သည့် ရာဇဘိသေက နန်းတက် မဟာကျိန်သစ္စာရှင်ဘုရားဆင်းထုတော် ဒေသစာ ရီကြွချီပူဇော်ခြင်းကို ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်ပူဇော်ခံယူလျက်ရှိသည်။


   အဆိုပါ မဟာကျိန်သစ္စာရှင်ဘုရားဆင်းထုတော်အား ပညာပါရီပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာ တော်ကြီး ဦးဆောင်ပြီး၊ တကာ/မများက  မော်တော်ယာဉ်ဖြင့်ပင့်ဆောင်၍ ပညာပါရီပရိယတ္တစာသင်တိုက်မှစတင်ကာ  မြို့တွင်းတစ်ပတ် ဒေသ စာရီကြွရောက်ပူဇော် ခဲ့ကြရာ သဒ္ဒါကြည်လင်ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့က မိမိတို့ နေအိမ်ရှေ့လမ်းများ တစ်လျှောက်တွင် ကုသိုလ်ပြု ကြည်ညိုပူဇော်ခဲ့ကြကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)